လက်ရှိကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အဆင့်(၂၀)နေရာတွင် ရှိနသော သြစတြေးလျ-ဖိလစ်ပိုင်ကပြား ဂေါက်ရိုက်သမား ဂျေဆင်ဒေးက မကြာခင်ကမှ တိုက်ခတ်သွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင် နိုင်ငံရှိ မိမိ၏ဆွေမျိုး(၈)ဦးသေဆုံးသွားခဲ့ရကြောင်း ၀မ်းနည်းဖွယ်ရာပြောကြားလာခဲ့သည်။ “ တိုင်ဖွန်းမုန် တိုင်းဒဏ်ကြောင့် ကျွန်တော့ရဲ့ ဆွေမျိုးအတော်များများ ကွယ်လွန်သွားခဲ့တယ်ဆိုတာကို ၀မ်းနည်းစွာနဲ့ပဲ ကျွန်တော်အတည်ပြုပါတယ်ဗျာ။ ကျွန်တော်နဲ့ ကျွန်တော်တို့ မိသားစုဝင်အားလုံးဟာ ကွယ်လွန်သွားခဲ့သူ များအတွက် စိတ်ပူပင်ပေးခဲ့ကြသူတွေအတွက် အရမ်းကိုကျေဇူးတင်မိပါတယ်။ အခုချိန်မှာတော့ တခြား ဘာကိုမှ ကျွန်တော်မပြောချင်သေးပါဘူး။ ထိခိုက်ဆုံးရှုံးခဲ့သူအားလုံးအတွက် ကျွန်တော်တို့ဆုတောင်းပေး နေကြရအောင်ဗျာ”ဟု ဂျေဆင်ဒေးက ပြောလာခဲ့သည်။
သြစတြေးလျသတင်းစာတစ်စောင်၏ဖော်ပြချက်အရ သေဆုံးသွားခဲ့သော ဂျေဆင်ဒေး၏ ဆွေမျိုးများမှာ(၈) ဦးဖြစ်ပြီး အဘွား၊ ဦးလေးတစ်ယောက်နှင့် ညီအစ်ကိုဝမ်းကွဲ(၆)ယောက်တို့ဖြစ်ကြောင်း သိရသည်။ ဂျေဆင် ဒေးမှာ ယခုတစ်ပတ်အတွင်း သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းပန်းခြံတွင် ကျင်းပမည့် World Cup of Golf ပြိုင် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။