ခန္ဓာကိုယ်အဆီ လျင်မြန်စွာ ကျစေတဲ့ အစားအစာများ

flat-stomach-e1433261388707-630x350.jpg

တစ်နေ့တစ်နေ့ အစားအသောက်တွေ ကယ်လိုရီမတွက်ပဲ စားဖြစ်နေပေမယ့် လေ့ကျင့်ခန်းတော့ နည်းနည်းမှ မလုပ်ဖြစ်ပဲ ခန္ဓာကိုယ်သွယ်လျ အဆီကျချင်တဲ့ ပျိုမေတွေ တစ်ပုံတစ်ပင်ပါပဲ။ ဒီတော့ လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တော့ နေ့စဉ်ကိုယ်စားမယ့် အစားအစာတွေထဲမှာ ခန္ဓာကိုယ်အဆီတွေ လျင်မြန်စွာ လျော့ကျစေမယ့် အစားအစာတွေကို ထည့်သွင်းစားပေးမယ်ဆိုရင် သိပ်မကြာခင်မှာပဲ သင်ဟာ အကျိုးရလာဒ်ကောင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီတော့ သင့်ရဲ့ခန္ဓာကိုယ်အတွက် အကျိုးပြုပေးသလို တစ်ဖက်မှာလည်း အဆီကျလှပစေမယ့် အစားအစာတွေကို ပြောပြပေးသွားပါ့မယ်။ 

၁။ လက်ဖက်ရည်ကြမ်း

အစွမ်းထက်ပါဝင်ပစ္စည်းများ –  epigallocatechin gallate (EGCG) နဲ့ ကဖိန်းဓာတ်

ကဖိန်းဓာတ်ကို အဆီလောင်ကျွမ်းစေတဲ့ အကျိုးသက်ရောက်မှုအတွက် လူသိများပေမယ့် လက်ဖက်ရည်ကြမ်းမှာတော့ အဆီဆဲလ်တွေ ခြေဖျက်ရာမှာ အကောင်းဆုံးလက်နက်တော့ မဟုတ်ပါဘူး။ လက်ဖက်ရည်ကြမ်းမှာ ရှိတဲ့ ECGC ဟာ ကျန်းမာရေးအကျိုးကျေးဇူးမျိုးစုံ ရရှိစေတယ်၊ အစာခြေဖျက်မှုနှုန်း ပိုကောင်းစေပြီး အဆီကျဆင်းမှုဖြစ်စဉ် ပိုကောင်းစေပါတယ်။ တစ်နေ့ ရေနွေးကြမ်း (၄) ခွက်သောက်ခြင်းဖြင့် ၈ ပတ်အတွင်း ၅ ပေါင်ထိ ကျစေကြောင်း American Journa of Clinical Nutrition မှ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

၂။ တလည်းသီး

အစွမ်းထက်ပါဝင်ပစ္စည်း – အင်တီအောက်စီးဒင်း

တလည်းသီးက ခန္ဓာကိုယ်အတွင်းရှိ nitric oxide (NO) ကို အဆ ၃၀၀ ထိ ကာကွယ်ပေးပါတယ်။ နောက် သူက ခန္ဓကိုယ်အဆီပျော်ကျခြင်း ဖြစ်စဉ်နဲ့ ဆက်နွယ်နေလေ့ရှိပါတယ်။

၃။ ဟင်းနုနွယ်

အစွမ်းထက်ပါဝင်ပစ္စည်း – glutathione, alpha lipoic, fiber

ချက်ပြုပြင်ဆင်ပြီးသား ဟင်းနုနွယ်တစ်ခွက်မှာ ကယ်လိုရီ ၄၀ နဲ့ အစွမ်းထက် အဆိပ်အတောက်ဖယ်ရှားပေးတဲ့ glutathione နဲ့ alpha lipoic acid အနဲ့အတူ အစာခြေလမ်းကြောင်းကနေ ကိုလက်ထရောလျှော့ကျစေသော ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။

၎။ ဆာမွန်ငါး

အစွမ်းထက်ပါဝင်ပစ္စည်း – အိုမီဂါ-၃ အဆီအက်စစ်

ဆာမွန်ငါးမှာ တွေ့ရတဲ့ အိုမီဂါ-၃ အဆီအက်စစ်တွေက အဆီပျော်ကျမှုဖြစ်စဉ် ပိုကောင်းစေပြီး နှလုံးသွေးကြောကျန်းမာအောင် ထိန်းသိမ်းနေစဉ်မှာပဲ အဆီတစ်ရှူးစုပုံလာမှု နှေးကွေးစေပါတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.