တစ်ပတ်လုံးကို နာရီပေါင်း ၆၀ ခန့် အလုပ်လုပ်တဲ့ အမျိုးသမီးတွေ ကျန်းမာရေး ထိခိုက်နိုင်

working-long-hours-to-get-ahead-is-making-women-really-sick.jpg
အလုပ်ချိန်က ကုန်ဆုံးသွားပါပြီ။ တစ်ရုံးလုံးလည်း အိမ်ပြန်သွားပါပြီ။ ဒါပေမယ့် သင်ကတော့ မိန်းမသားတစ်ယောက် ဖြစ်ပေမယ့် အလုပ်စားပွဲမှာ ထိုင်ရာက မထပဲ အလုပ်လုပ်နေတုန်းပါပဲ။ သင်ဟာ အလုပ်ကြိုးစားပါတယ်။ အဲဒါဟာ ရာထူးနဲ့ လစာ တိုးဖို့ တစ်ခုတည်း မဟုတ်ပါဘူး ၊ သင့်ခန္ဓာကိုယ်နဲ့ စိတ်အာရုံတွေကို ပျက်စီးသွားစေနိုင်ပါတယ်။
 
နှစ်ပေါင်း ၃၀ လောက် အချိန်ယူပြီးလေ့လာခဲ့တဲ့ သုတေသန တစ်ခုအရတော့ တစ်ပတ်ကို နာရီပေါင်း ၆၀ ခန့် အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေး ပြဿနာ များစွာကို အခြားအမျိုးသမီးတွေထက် ၃ ဆ ခန့် ပိုမို ကြုံတွေ့ရနိုင်တယ် လို့ သိရပါတယ်။ အဲဒီ ကျန်းမာရေး ပြဿနာတွေထဲမှာ ကင်ဆာ ၊ အဆစ်ရောင်ရောဂါ နဲ့ ဆီးချိုသွေးချို ရောဂါတွေလည်း ပါဝင်နေပါတယ်။
 
ထိုသုတေသန ကို ဦးဆောင်ခဲ့တဲ့ Allard Dembe ဆိုသူ စာရေးဆရာကလည်း “လူတွေဟာ သူတို့ရဲ့  ငယ်ရွယ်စဉ်အချိန်က လုပ်ငန်း အတွေ့အကြုံတွေဟာ သူတို့ရဲ့  နောက်ဆက်တွဲ ဘ၀နေထိုင်မှုတွေကို သက်ရောက်မှုရှိလာနိုင်တာကို သိပ်မတွေးကြပါဘူး။ အမျိုးသမီးတွေရဲ့  အသက် ၂၀ ၊ ၃၀ ၊ ၄၀ ၀န်းကျင် အချိန်တွေတုန်းက သူတို့ကိုယ်သူတို့ မောင်းနှင်စေခိုင်းခဲ့မှုတွေဟာ နောက်ပိုင်းမှာ ပြဿနာတွေ ဖြစ်လာစေပါတယ်” လို့ ဆိုပါတယ်။ ထိုလေ့လာမှုဟာ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်ကြားမွေးဖွားခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီး ထောင်ပေါင်း များစွာကို စစ်တမ်းကောက်ယူလေ့လာခဲ့တာ ဖြစ်ပြီး နှစ် ၃၀ ခန့် စောင့်ကြည့်လေ့လာ အပြီးမှာတော့ ရလဒ် အနေနဲ့ အမျိုးသမီးတွေအတွက် အချိန်ကြာရှည်စွာ အလုပ်လုပ်ခြင်းဟာ ဆေးပညာအရ နာမကျန်းဖြစ်မှုတွေ ၊ ရောဂါဘယ ဖြစ်တည်လာမှုတွေ ရှိလာတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။
 
သုတေသီတွေထပ်မံတွေ့ရှိခဲ့တာက အမျိုးသမီးတွေ အလုပ်လုပ်တဲ့အပိုင်းမှာ ၀င်ငွေရှာတဲ့အလုပ်တွေအပြင် အိမ်အလုပ်တွေနဲ့ ပါသက်ဆိုင်ပါတယ်။ ရိုးရာဓလေ့ သတ်မှတ်မှုတွေအရ အိမ်အလုပ်တွေဟာ အိမ်ရှင်မတွေ လုပ်ရတဲ့အလုပ်လို့ သတ်မှတ်ထားကြတဲ့အတွက် အမျိုးသမီးတွေဟာ ၀င်ငွေရှာတဲ့အလုပ်အပြင် အိမ်အလုပ်တွေကို တစ်ပြိုင်နက် လုပ်ဆောင်နေရတာတွေကြောင့်လည်း ပါပါတယ်။  သုတေသီအဖွဲ့အနေနဲ့ မျှော်လင့်ခဲ့တာကတော့ ဒီသုတေသနက တဆင့် အမျိုးသမီးတွေရဲ့  ပျမ်းမျှ အလုပ်ချိန်တွေ လျော့ကျလာဖို့ကိုပါ။ အမေရိကန် ပြည်ထောင်စုမှာတော့ ၀န်ထမ်းတွေကို တစ်ပတ်မှာ ၄၅ နာရီသာ အလုပ်လုပ်ချိန်သတ်မှတ်ဖို့ ညွှန်ကြားထားပြီး အိန္ဒိယ နိုင်ငံမှာတော့ တစ်ပတ်ကို နာရီ ၅၀ အလုပ်လုပ်ချိန် သတ်မှတ်ဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.