အပူလွန်ကဲတဲ့ သောက်သုံးစရာအရည်တွေက ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်

coffee-rf-getty.jpg

ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်စတဲ့ အပူလွန်ကဲတဲ့ သောက်သုံးစရာတွေဟာ ကင်ဆာရောဂါ ဖြစ်ပွားစေတတ်ကြောင်း UN က ဆိုပါတယ်။

သောက်သုံးစရာပစ္စည်းတွေထက် အပူချိန်က အစာပြွန်ကင်ဆာဖြစ်စေပြီး ယင်းသောက်သုံးစရာအရည်တွေဟာ ၆၅ ဒီဂရီဆဲလ်စီးရပ်စ် ကျော်လွန်တာနဲ့ အန္တရာယ်ရှိတယ်လို့ AFP က ရေးသားဖော်ပြထားပါတယ်။ ယင်းကြေငြာချက်အနေဖြင့် ကော်ဖီနဲ့ ကင်ဆာကြား ဆက်နွယ်မှု ရှိမရှိ Agency for Research on Cancer (IARC) မှ သေချာပြန်သုံးသပ်ထားတဲ့ သိပ္ပံနည်းကျလေ့လာမှုပေါင်း ၁,၀၀၀ ကျော်ကို အခြေခံထားတာ ဖြစ်ပါတယ်။

ယင်းအေဂျင်စီ ဒါရိုက်တာ Christopher Wild က အလွန့်အလွန်ပူနွေးတဲ့ သောက်သုံးစရာတွေဟာ အစာပြွန်ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး သောက်သုံးစရာအရည်တွေထက် အပူချိန်ကြောင့် ဖြစ်ကြောင်း ယင်းရလဒ်အဖြေတွေက ဖော်ပြထားပါတယ်။

အစဉ်အလာတစ်ခုအနေနဲ့ လက်ဖက်ရည်၊ ရည်နွေးကြမ်းတွေကို အပူချိန် 70C ခန့်ဖြင့် သောက်သုံးနေကျဖြစ်တဲ့ တရုတ်၊ တူရကီနဲ့ တောင်အမေရိကလို နေရာမျိုးမှာ လေ့လာမှုတွေက ယင်းသောက်သုံးစရာအရည်တွေရဲ့ အပူချိန်ကြောင့် အစာပြွန်ကင်ဆာရောဂါအန္တရာယ်ဖြစ်ပွားမှု ပိုများကြောင်း တွေ့ရပါတယ်။

အပူချိန် 65C အထက်နဲ့ အပူလွန်ကဲ အဖျော်ယမကာတွေ သောက်သုံးခြင်းကို လူ့ခန္ဓာကိုယ်ကို ကင်ဆာရောဂါဖြစ်နိုင်တဲ့ အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။ 

Ref: Independent 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.