အနမ်းပေးခြင်းက ဦးနှောက်ကို ဘယ်လိုအချက်ပြသလဲ

fall_back_in_love_edit.jpg
ချစ်သူနှစ်ယောက် ချစ်တင်းနှောတဲ့အခါမှာ ကိုယ်အပူချိန်တက်လာပြီး လေးလံလာတယ်လို့ သိထားကြပြီးဖြစ်ပေမဲ့ နောက်ဆုံးပေါ် အပူအာရုံခံ နည်းပညာသုံး ကင်မရာသုံးပြီး စမ်းသပ်ကြည့်တဲ့အခါမှာ တကယ်ပဲ အပူချိန်ဘယ်လောက်တက်လာသလဲဆိုတာကိုပါ တိုင်းတာနိုင်လာခဲ့ပါတယ်။
 
လေ့လာမှုတွေအရ ယောက်ျားနဲ့ မိန်းမအနမ်းဖလှယ်ရာမှာ ထိတွေ့မှုကြောင့် မျက်နှာ အပူချိန်မြင့်တက်လာတာကို တွေ့ရှိရသလို အထူးသဖြင့် ထိတွေ့မှု အမြင့်ဆုံးနေရာဖြစ်တဲ့ ရင်ဘတ်နေရာမှာ အပူချိန်မြင့်တက်လာတာကို အပူအာရုံခံ ကင်မရာကတဆင့် ထင်ထင်ရှားရှားမြင်တွေ့ရပါတယ်။
 
လူတစ်ယောက်ကို စိတ်ဆန္ဒုပြင်းပြစွာ အနမ်းပေးလိုက်တဲ့အခါမှာ နှစ်ဦးစလုံးရဲ့ အက်ဒရီနယ်လင်းဟော်မုန်းတွေ မြင့်တက်လာပြီး နှလုံးခုန်နှုန်းမြန်လာပါတယ် ။နောက်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်အပူချိန်မြင့်တက်လာပြီး ဒီအပူက ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့် အနမ်းပေးခြင်းရဲ့ ကောင်းကျိုးလို့ ပြောရမှာဖြစ်ပါတယ်။
 
ခန္ဓာကိုယ်က အပူထုတ်ပေးတာအပြင် ပါးစပ်ဖွင့်ပြီး နမ်းတဲ့အနမ်းက နှစ်ဦးသားရဲ့ တံထွေးလဲလှယ်မှုကို ပိုပြီးတိုးစေပါတယ်တဲ့။ ကိုယ့်ချစ်သူရဲ့တံထွေးနဲ့ထိတွေ့တာက အကျိုးပြုဘက်တီးရီးယားတွေနဲ့ ထိတွေ့သလိုဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို တိုးစေတယ်လို့ဆိုပါတယ်။ သိပ္ပံပညာအရ ပွေ့ဖက်ခြင်းနဲ့ အနမ်းပေးခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းကျိုးပြုပြီး မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကို တွေ့ရှိခဲ့ပါတယ်။
 
Ref:webmd
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.