ချစ်သူရှိနေပေမယ့် အချစ်ရေးဆိုတာ အမြဲ နံပါတ် (၂)နေရာမှာပါလို့ ပြောလာတဲ့ သင်ဇာဝင်ကျော့်

12226398_1675072156085029_155324752_n.jpg
ကားရိုက်တွေ ဆက်တိုက် ဖြစ်နေပေမယ့် ခန္ဓာကိုယ်အချိုးအစား ပိုမိုလှပအောင် မနားမနေ အမြဲကြိုးစားနေတတ်သူကတော့ သင်ဇာဝင်ကျော့်ပါပဲ။ ခုနောက်ပိုင်း သူမရဲ့ instagram မှာ သူမရဲ့ချစ်သူနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်လာတာကြောင့် ပရိသတ်တွေကတော့ ဘယ်သူလဲ၊ ဘယ်ကလဲ ဆိုပြီး စိတ်ဝင်တစား ပိုရှိလာကြပါတယ်။ ဒါ့ကြောင့် သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ
 
– ဒီနေ့ရိုက်တဲ့ ဇာတ်ကားလေးအကြောင်းကို အရင်ဆုံး ပြောပြပေးပါဦး။
 
သေနတ်တစ်လက် သနပ်ခါးတစ်စက် ဓားတစ်လက်နဲ့တူသော မိန်းမများဆိုတဲ့ ဇာတ်ကားပါ။ ကိုခန့်ပါမယ်၊ မိုးဟေကိုနဲ့ မေမြတ်နိုးပါမယ်။ ဒါရိုက်တာကတော့ ကိုစတီးလ်ပါ။ သင်ဇာက ဒီကားထဲမှာ ဓားတစ်လက်နဲ့တူသော မိန်းမပေါ့နော်။
 
-ဒီနှစ်ထဲမှာ နောက်ထပ်ဘာကားကြီးတွေ ရိုက်ဖို့ ရှိဦးမလဲ။
 
ပြောထားတာတွေတော့ ရှိတယ်။ မသေချာသေးဘူး။
 
-တရားစခန်းလည်း ၀င်လိုက်သေးတယ်နော်။ တရားစခန်းဝင်လိုက်တဲ့အခါမှာ ဘယ်လိုစိတ်ခံစားချက်တွေ ဖြစ်မိလဲ။
 
တရားစခန်းဝင်ဖြစ်တာက သင်ဇာ သင်္ကြန်အပြီး အားနေတာလဲ ပါတယ်။ပူတဲ့ အချိန် ၀င်တာဆိုတော့ အရမ်းကို ပင်ပန်းတယ်။ ပူတဲ့အချိန် တရားအားထုတ်ရတာ တကယ်ကို မလွယ်တဲ့ ကိစ္စပေါ့နော်။ တရားတော့ ရခဲ့ပါတယ်။ သင်ဇာတို့က တရားထိုင်တာ အဓိကဆိုတော့ ကိုးပါသီလစောင့်တယ်။ အဲ့ဒီအတွက် ကုသိုလ်ရတာပေါ့။
 
-ရုံပြိုင်စနစ်မဟုတ်တော့တဲဘဲ တန်းစီစနစ်ဖြစ်သွားတဲ့အပေါ် သင်ဇာ့အမြင်လေးကို ပြောပြပေးပါဦး။
 
ရုံပြိုင်စနစ်တော့ ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တန်းစီပြီးစောင့်နေရတဲ့အခါကျတော့ အခုဟာက ၂၀၁၈အထိ ပြည့်သွားပြီဆိုတော့ အခုနောက်ထပ်တင်မယ့်ကားတွေ အများကြီး စောင့်ရမှာ။ အဲ့ဒီအခါကျတော့ အကယ်ဒမီ ပေးရင်လဲ ကားတွေအများကြီး ပြုံနေတဲ့အတွက် ကောင်းတဲ့ကားတွေ နစ်နာနိုင်တယ်။ ဒီနှစ်မှာဆိုရင်လည်း ရသင့်တဲ့သူတွေ မရခဲ့ဘူး။ ကားတွေအရမ်းများတဲ့အခါ အဲ့ဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်။
 
– ကိုယ်ကိုတိုင်အတွက် အကယ်ဒမီဆိုရင်ရော …။
 
ကိုယ်တိုင်အတွက်ကျတော့ လုပ်ကွက်ရှိတဲ့ကားတွေ အများကြီး ထွက်လာမှာပါ။ ဒါပေမယ့်လဲ ကံကြမ္မာဆိုတာပြောလို့ မရဘူးပေါ့နော်။ ကိုယ်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတာပဲ။
 
– အရင်ကထက် နည်းနည်းပိုပိန်သွားသလိုပဲ။
 
ထားဝယ်မှာကားကြီး သွားရိုက်တာ အရမ်းပင်ပန်းသွားလို့ ဖြစ်မယ်။ ရိုက်ရမယ့် ကျွန်းကို ရောက်ဖို့ တစ်ရက်ကို ကား ၄နာရီစီးရတယ်။ တည်းတာက ထားဝယ်မှာတည်းတယ်။ သွားရိုက်ရမယ့် ကျွန်းကို မနက် အသွား ၂နာရီ အပြန် ၂နာရီစီးရတယ်။ အစားအသောက်ကလည်း ရွာကချက်တဲ့ ထမင်း ဟင်းတွေဆိုတော့ အဲ့ဒီကတည်းက ထမင်းမစားဖြစ်တော့တာ ပြန်ရောက်တဲ့အထိပဲ။ ပြန်ရောက်တော့လဲ အားကစားကို ဖိလုပ်လိုက်တော့ ပိန်သွားတယ်။
 
– အချစ်ရေးနဲ့ ပတ်သက်ပြီး တိတ်ဆိတ်ခဲ့ပေမယ့် instagram မှာ တစ်ချို့ပုံလေးတွေ တင်လာတာတွေ့ရတယ်နော်။
 
ကိုယ့်ဟာကိုယ် အရူးထပြီး တင်တာပါ။ အဓိကကတော့ သင်ဇာ့အတွက် အလုပ်ရယ်၊ မိသားစုရယ်၊ ပရိသတ်ရယ်က နံပါတ် ( ၁ )ပါပဲ။ အချစ်ရေးဆိုတာက နံပါတ် (၂) နေရာမှာပဲ ရှိပါတယ်။
 
– လက်ရှိအချစ်ရေးကရော။
 
အေးဆေးပါပဲ။
 
– ပရိသတ်တွေကလဲ ယူဖြစ်မလား၊ အပျိုကြီး လုပ်မလားဆိုပြီး သိချင်နေကြတယ်။
 
ဒါကတော့ ပြောလို့မရဘူး။ အပျိုကြီးလုပ်မယ်လို့ စဉ်စားထားပေမယ့် နောက်နေ့ယူချင်ယူသွားနိုင်တာပဲ ဆိုတော့ ကြိုပြီးတော့ မပြောချင်သေးဘူး။ သင်ဇာဖြစ်ချင်တာကတော့ မိသားစုနဲ့ပဲ တူတူနေချင်တယ်။ ဒီအလုပ်ကိုပဲ ပျော်ပျော်ရွှင်ရွှင် ဆက်လုပ်ချင်သေးတယ်။ တကယ်လို့ အိမ်ထောင်ကျသွားပြီဆိုရင်တောင် ဒီအလုပ်ကို အေးဆေးဆေးဆေး လုပ်လို့ရတော့မှာ မဟုတ်ဘူး။ အိမ်ထောင်ပြုလိုက်ပြီဆိုကတည်းက ပရိတ်သတ် အားပေးမှုကလည်း လျော့သွားပြီ။ အဲ့ဒီလိုလဲ သင်ဇာမဖြစ်ချင်သေးဘူး။ ပရိတ်သအားပေးမှုကို သင်ဇာအပြည့်အ၀ လိုချင်သေးတယ်။ အဲ့ဒီအတွက်ကြောင် အိမ်ထောင် မပြုဖြစ်သေးပါဘူး။
 
– အိမ်ထောင်ပြုဖြစ်မယ်ဆိုရင် ဘယ်လိုလူမျိုးကို အဓိကထားပြီး ရွေးချယ်သွားမလဲ။
 
အဓိကက ပိုက်ဆံချမ်းသာဖို့ထက် ကိုယ့်အလုပ်ကိုတကယ်နားလည် ပေးဖို့ လိုတယ်။ ယောင်္ကျားပီသတဲ့ စိတ်ရှိဖို့၊ ကိုယ့်ကိုယ်တိုင်လဲ တကယ်အရည်အချင်း ရှိဖို့၊ နောက်ပြီးတော့ ကိုယ့်အပေါ်ကို သစ္စာရှိပြီး တကယ်ချစ်ဖို့လည်း လိုတယ်။ ပိုက်ဆံရှိဖို့မလိုဘူး။ ပိုက်ဆံဆိုတာ ရှာလို့ရတယ်။ ပိုက်ဆံမရှိလည်း နေပါစေ။ ကိုယ်တိုင်အရည်အချင်းရှိတဲ့ ယောင်္ကျားမျိုးကိုပဲ သင်ဇာပိုနှစ်သက်ပါတယ်။
 
 
1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.