သင်ဝတ်တဲ့ အတွင်းခံအရောင်က သင့်စိတ်ကို သက်ရောက်မှုရှိ

free-shipping-10pcs-lot-sexy-health-fashion-women-girl-s-colour-panties-lingerie-underwear-bulk-briefs.jpg
အရောင်များ၏ တုန့်ပြန်မှုများကို ဆန်းစစ်လေ့လာသူ Anjel Obryant က သင်ရွေးချယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားက တခြားသူတွေမမြင်နိုင်ရင်တောင် ကိုယ့်စိတ်အခြေအနေနဲ့ စွမ်းအင်ပေါ်မှာ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
အရောင်တိုင်းက နှုန်းအမျိုးမျိုးနဲ့ ရိုက်ခတ်နေပြီး အရေပြားကတဆင့် ကိုယ့်ခန္ဓာကိုယ် တစ်ခုလုံးနဲ့ ဦးနှောက်ကို ရိုက်ခတ်နိုင်ပါတယ်တဲ့။ ကိုယ့်ခင်ပွန်းကို ကိုယ့်ဘက်မှာ အမြဲရှိနေစေချင်ရင် အတွင်းခံ ကောင်းကောင်းဝတ်ပါလို့ ပြောတဲ့ ရှေးစကားတစ်ခွန်းရှိဖူးပါတယ်။ အခုတော့ အရောင်ကိုလည်း သတိပြုဖို့လိုပါတယ်လို့ Obryant ကဆိုပါတယ်။ 
 
အိန္ဒိယအယူအဆအရ ခန္ဓာကိုယ်ရဲ့ စိတ်စွမ်းအင်ဗဟိုချက် ၇ နေရာမှာ အစာအိမ်အောက်ပိုင်းနေရာ ပါဝင်ပါတယ်။ ဒါက အတွင်းခံဝတ်တဲ့နေရာအနီးမှာရှိတဲ့အတွက် ဒီနေရာဟာလည်း အရောင်တွေရဲ့ ရိုက်ခတ်မှုကို သိသိသာသာခံစားရတယ်လို့ ယုံကြည်ထားကြပါတယ်။ အိပ်ခန်းထဲမှာ အမည်းရောင်ကို ဝတ်ဆင်ဖို့ ရွေးချယ်ခြင်းက ညံ့ဖျင်းတဲ့ ရွေးချယ်မှုတစ်ခုလို့ ဆိုပါတယ်။ ပြီးတော့ စွမ်းအင်တွေကို မပေးနိုင်သလို ရိုက်ခတ်မှုလည်း မရှိတဲ့အရောင်တွေက အမည်း၊ မီးခိုးနဲ့ အဖြူရောင်များ ဖြစ်တယ်လို့ ဆိုပါတယ်။ 
 
အိပ်ခန်းထဲမှာ ဝတ်ဆင်သင့်တဲ့ အတွင်းခံအရောင်က အနီရောင်ဖြစ်ပြီး ညှို့အားကောင်းစေတဲ့သူလို့ ထင်မြင်စေပါတယ်တဲ့။ အရောင်ရွေးချယ်မှု သဘောတရားကို တခြားအကြောင်းအရာတွေမှာလည်း သုံးနိုင်ပါတယ်။ အလုပ်အင်တာဗျူးသွားမယ့် အမျိုးသမီးတွေအတွက် အဆင်တွေ အစင်းတွေ မပါတဲ့ အပြာရင့်ရောင်က ကိုယ့်ကို ပညာရှင်တစ်ယောက် ဆိုင်ရာ ပညာရပ်မှာ ကျွမ်းကျင်သူတစ်ယောက်ဆိုတဲ့ ယုံကြည်မှုကိုရစေပါတယ်တဲ့။
 
ကိုယ့်ကလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေချင်ရင် ဒါမှမဟုတ် အိပ်ပျော်အောင်သိပ်မယ့် မိခင်တွေအနေနဲ့ အပြာရောင် ဖျော့ဖျော့၊ ပန်းရောင် ဖျော့ဖျော့ ညဝတ်အင်္ကျီ တွေကို ဝတ်ဆင်သင့်ပါတယ်။ ဒါက စိတ်ကို ပြေလျော့စေပြီး တည်ငြိမ်စေတဲ့ အရောင်တွေဖြစ်ပါတယ်။ တခါတလေ ကိုယ့်ရဲ့ မသိစိတ်က အရောင်တစ်ခုခုကို ရွေးချယ်မိတယ်ဆိုတာက ကိုယ့်ခန္ဓာကိုက လိုအပ်တဲ့စွမ်းအင်ကြောင့်ပဲ ဖြစ်ပါတယ်။ သင်လိုအပ်နေတဲ့ တုန်ခါမှုပမာဏအရ သဘာဝအလျောက် ဆွဲဆောင်မှုခံရတာ ဖြစ်ပါတယ်။
 
အညိုရောင်က ပျင်းစရာကောင်းတဲ့ အရောင်လို့ထင်ရစေပေမဲ့ ကွန်ပျူတာကြည့်တဲ့သူတွေရဲ့ အမြင်အာရုံကို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ Anjel က ၅၅%သော လူတွေက သူတို့မြင်ရတဲ့ အရောင်တွေအရ လူတွေကို ဆက်ဆံတတ်တာဖြစ်တာကြောင့် အရောင်တွေကို သတိပြုသင့်တဲ့အကြောင်း ထောက်ပြခဲ့ပါတယ်။
 
Ref:dailymail.co.uk
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.