ရေဓာတ်ခန်းခြောက်နေပြီဆိုတာ ပြတဲ့ လက္ခဏာများ

woman-doing-bad-breath-check.jpg
လူတော်တော်များများက ကျန်းမာရေးနဲ့ ပတ်သက်ရင် ကင်ဆာလို ကူးစက်ရောဂါလို ရောဂါတွေကိုပဲ  ကြောက်စရာရောဂါလို့ သတ်မှတ်ပြီး ဆောင်ရန် ရှောင်ရန်တွေ လုပ်ကြတာများပါတယ်။ တကယ်တော့ စာရင်းဇယားတွေအရ မျိုးဗီဇတွေ ကပ်ရောဂါတွေကြောင့် ခံစားရတဲ့ ဝေဒနာထက် နေ့စဉ်နေထိုင်စားသောက်ပုံ မူမမှန်တာလေးတွေကနေ စတင်တဲ့ ရောဂါအန္တရာယ်တွေက ပိုများတယ်လို့ သိရပါတယ်။ အသေးအဖွဲရောဂါလို့ သတ်မှတ်တတ်ပြီး ဂရုမစိုက်တတ်တဲ့ ရောဂါတွေထဲမှာ ရေဓာတ်ခန်းခြောက်တဲ့ ရောဂါလည်း ပါဝင်ပါတယ်။
 
သွေးလှည့်စနစ်၊  အစာချေစနစ်နဲ့ စွန့်ပစ်အင်္ဂါစနစ်တွေက ရေဓာတ်ကို အားပြုနေရတာ ဖြစ်တဲ့အတွက် ရေဓာတ်နည်းလာတာက ဆီမပါတဲ့ ကားကိုမောင်းနေရသလိုပဲ ဖြစ်နေပါလိမ့်မယ်။ ရေဓာတ်နည်းလာတာကို ပြတဲ့လက္ခဏာတွေကို ကြိုတင်သိထားရင် အမြန်ဆုံး ရေဓာတ်ပြန်ဖြည့်နိုင်ဖို့အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်လို့ဖော်ပြပေးချင်ပါတယ်။
 
ပါးစပ်နံလာခြင်း
တံထွေးမှာ ဘတ်တီးရီးယားတွေကို တိုက်ခိုက်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ရေဓာတ်နည်းလာတဲ့အခါ တံထွေးပမာဏနည်းသွားတာကြောင့် အနံဆိုးတွေကို ဖြစ်စေတဲ့ ပိုးမွှားတွေကို တိုက်ခိုက်နိုင်တဲ့အစွမ်းလည်း နည်းလာပါတယ်။ ဒါကြောင့် သင်ခံတွင်းမှ အနံ့ဆိုးထွက်တာကို သက်သာစေဖို့အတွက် ရေကို မှန်မှန်သောက်ပေးပါ။
 
စိတ်ရှုပ်ထွေးလာသလို ခံစားရခြင်း
ထူးဆန်းသလို ထင်ရပေမဲ့ ရုတ်တရက် စိတ်ရှုပ်ထွေးလာတာ၊ ဒေါသထွက်လာတာတွေက ရေဓာတ်နည်းလာတဲ့ အခါမှာ ဖြစ်တတ်ပါတယ်တဲ့။ အလုပ်ကြောင့်၊တခြားထင်ရှားတဲ့ အကြောင်းပြချက်မရှိဘဲ စိတ်တိုစိတ်ရှုပ်ထွေးတာတွေ ခံစားလာရပြီဆိုရင် ကိုယ်ရေသောက်နည်းနေပြီလားဆိုတာကို ပြန်ပြီး စဉ်းစားပြီး ရေဓာတ်ပြည့်ဝအောင် ဖြည့်ပါ။
 
ရုတ်တရက် အစာစားချင်စိတ်တွေ ဖြစ်လာတာ
အသည်းက သူ့ရဲ့လုပ်ငန်းတွေကို စနစ်တကျလုပ်ဖို့အတွက် ရေလိုအပ်ပါတယ်။ သူလိုအပ်တဲ့ ရေဓာတ်အပြည့်အဝ မရတဲ့အခါမှာ ဦးနှောက်ကို သင့်မှာ လောင်စာဆီလိုနေပြီဆိုတာကို အချက်ပြပါတယ်။ ရေဆာတယ်လို့ အချက်ပြရမှာ ဖြစ်ပေမဲ့ ဗိုက်ဆာတဲ့လို့ ထင်အောင် အချက်ပြလေ့ရှိတဲ့အတွက် အစာစားချင်စိတ်ဖြစ်လာတာ ဖြစ်ပါတယ်။ အရေပြားကို ဆွဲကြည့်လိုက်တဲ့အခါမှာ တင်းရင်းမနေဘဲ လျော့ရဲရဲဖြစ်နေတတ်ပါတယ်။ ရေဓာတ်နည်းမနည်း သိချင်ရင် လက်ခုံပေါ်က အရေပြားကို ဆွဲကြည့်လိုက်လို့ သူ့နေရာသူ ချက်ချင်းပြန်ရောက်မသွားဘူးဆိုရင် ရေဓာတ်နည်းနေပါပြီ။
 
ချွေးမထွက်တော့တာ
 ဒါက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပမာဏ အရမ်းနည်းနေပြီ ဖြစ်တာကြောင့် သူ့ကိုယ်ထဲမှာ ရှိတဲ့ ရေဓာတ်ကို အတတ်နိုင်ဆုံး ထိန်းဖို့ ကြိုးစားနေတာကြောင့် ချွေးမထွက်တော့တာ ဖြစ်ပါတယ်။
 
Ref:self
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.