အချစ်ဆုံး သူငယ်ချင်းကနေ ချစ်သူဘဝသို့ ကူးပြောင်း လျှောက်လှမ်းတော့မယ်ဆိုရင် ဒီအချက် (၆) ချက် သိထားဖို့လို

love_money.jpg
မိတ်ဆွေဘဝကနေ ချစ်သူဘဝအဖြစ်သို့ ရောက်သွားကြသူတွေ မရှိဘူး မဟုတ်ပေမယ့် ဒီလိုအဆက်အစပ်မျိုးက ထူးဆန်းတဲ့အရာတွေ ဖြစ်စေပါတယ်။ သင်နဲ့ အချစ်ဆုံးသူငယ်ချင်းကြား ရင်ခုန်စိတ်လှုပ်ရှားမှုတွေဖြစ်ပေါ်နေပြီဆိုရင်တော့ ခြေလှမ်းတွေကို ဆက်လှမ်းနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက် (၆) ချက်ကိုတော့ မဖြစ်မနေသိရပါမယ်။ 
 
ခင်မင်ရင်းနှီးမှု ပျက်စီးစေ  
အခါအားလျှော်စွာ ဘဝမှာ စွန့်စားမှုတွေ လုပ်ရပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေမှာ အဆင်မပြေမှုတွေ ရှိခဲ့ပါက သင်တို့ရဲ့ ခင်မင်ရင်းနှီးမှု အရင်လို ပြန်ရတော့မှာမဟုတ်ပါဘူး။ 
 
ပမထဦးဆုံး မိတ်ဆက်ခြင်းအဆင့်ဆိုတာ မရှိ 
တစ်နည်းပြောရင် စုံတွဲတွေမှာ တွေ့နေကျဖြစ်တဲ့ ပထမဆုံးအကြိမ် အချင်းချင်းတွေ့ဆုံ မိတ်ဆက်ခြင်းတွေ မရှိတော့ပါဘူး။  
 
သူ့ရဲ့ နောက်ကြောင်း 
တခြားမိန်းကလေးများနဲ့ သူ့ရဲ့ အရင်ဇာတ်လမ်းတွေ စိတ်အနှောင့်အယှက်မဖြစ်ပေမယ့် ဖြစ်ပျက်ခဲ့သမျှတွေ ခေါင်းထဲ ချက်ချင်း သတိရမိမှာဖြစ်ပြီး အခုချိန်မှာ အဲဒီအဖြစ်အပျက်တွေဟာ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်ကကြည့်ရင် အဲဒါတွေ ကြာခဲ့ပါပြီ။ 
 
ပထမဦးဆုံး ချစ်တင်းနှောမှုက အနေကျပ် ပါလိမ့်မယ် 
အထူးသဖြင့် သင်က သူ့ကို သူငယ်ချင်းအဖြစ်သာမက အကိုတစ်ယောက်လို သဘောထားခဲ့တယ်ဆိုရင်ပေါ့။
 
အခြေအနေအရပ်ရပ်ကို သင်မသိပါ 
နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးဆက်ဆံပြီး တစ်ယောက်ကိုတစ်ယောက် စကားများစွာ ပြောဆိုကြသည့်တိုင် သင် သူ့ပင်ကိုယ်စရိုက်တွေ အကုန်အစင်မသိသလို သူလည်း သင့်ကိုယ်ရေးကိုယ်တာ အကုန်မသိပါဘူး။ 
 
ဒေါသထွက်တဲ့အခါ သတိထားပါ။
သူဒေါသထွက်ပြီဆိုရင် ဒီအခြေအနေ မတိုင်ခင် ရှိခဲ့တဲ့ ဆက်ဆံရေးတုန်းကထက် ပိုမိုဆိုးသွမ်းမယ်ဆိုတဲ့ အချက်ကို သိထားရပါမယ်။ သူ သင့်အကြောင်းတွေ ကောင်းကောင်းသိနေတာကြောင့် သင်နာကျင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူသေချာသိပါတယ်။ 
 
Ref:finelivingadvice
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.