ပူပင်သောကတွေပျောက်ဖို့ စောင်ထူထူခြုံအိပ်ပါ

weighted-blanket-anxiety-1000x600.jpg
ကမ္ဘာ့လူဦးရေရဲ့ ၁၈% က စိတ်ပူပင်သောကရောက်ခြင်းရဲ့ အကျိုးဆက်တွေကို ခံစားနေကြရပါတယ်တဲ့ ။ အမေရိကတိုက်တစ်ခုတည်းမှာပဲ အရွယ်ရောက်သူ သန်း၄၀ ကျော်က ပူပင်တတ်တဲ့ ရောဂါတစ်မျိုးမျိုးကို ခံစားနေကြရပါတယ်။ အလုပ်အကိုင်၊ အချစ်ရေး နဲ့ အခြားအမျိုးမျိုးသော အကြောင်းအရာတွေက စိတ်ပူပင်တဲ့ ရောဂါရစေတဲ့ အခြေခံတရားတွေပဲ ဖြစ်ပါတယ်။
 
စိုးရိမ်ကြောင့်ကြတတ်တဲ့ ရောဂါကို ကုစားဖို့အတွက် တိုင်းရင်းဆေးတွေ ၊ခေတ်မီဆေးဝါးတွေ အမျိုးမျိုးကို သုံးစွဲကြသလို တရားထိုင်တာ၊ ကုထုံးခံယူတာနဲ့ ယောဂကျင့်နည်းတွေနဲ့ပါ ကုသကြပါတယ်။ စိတ်ပူပင်ကြောင့်ကြမှုအမျိုးမျိုးကို သက်သာစေတဲ့ သဘာဝဆေးနည်းကတော့ အလေးချိန်များတဲ့ စောင်ထူထူကို ခြုံအိပ်ဖို့ပဲ ဖြစ်ပါတယ်။
 
ထူထဲတဲ့ စောင်ရဲ့ ဖိအားက စောင်အောက်မှာရှိနေတဲ့ သူကို တည်ငြိမ်စေပါတယ်။ နောက်ပြီး စောင်ထူထူရဲ့ အလေးချိန်က ဦးနှောက်ကို ဆီရိုတိုနင်တို့  ဒိုပါမင်တို့လို စိတ်ပြေလျော့စေတဲ့ ဟော်မုန်းတွေထုတ်ပေးဖို့ အချက်ပြပေးနိုင်တဲ့ အတွက် စိတ်ဖိစီးမှုတွေကို ပြေပျောက်စေနိုင်တာ ဖြစ်ပါတယ်။ အရင်က စောင်ထူထူ ခြုံအိပ်တဲ့နည်းကို အာရုံခံစားမှု မမှန်တဲ့၊ အထီးကျန်ဝေဒနာ ခံစားနေရတဲ့ ကလေးတွေအတွက် သုံးခဲ့တာဖြစ်ပြီး လူကြီးတွေအတွက်လည်း အထောက်အကူပြုတာကို တွေ့ရှိလာပါတယ်လို့ ကုထုံးပညာရှင် Karen Moore က ဆိုပါတယ်။
 
စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပေးနေတဲ့ ဌာနတွေမှာ စိုးရိမ်ပူပင်နေတဲ့၊ စိတ်ဖိစီးမှုများနေတဲ့၊ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တဲ့သူတွေအတွက် အလေးချိန်များတဲ့ စောင်ထူထူတွေက အကောင်းဆုံး အထောက်အကူအဖြစ် အသုံးပြုနေကြပါတယ်။ ၁၅ ပေါင်ကနေ ပေါင် ၃၀ အတွင်းရှိတဲ့စောင်တွေက ပိုပြီးထိရောက်မှု ရှိတယ်လို့ဆိုပါတယ်။ စောင်ထဲမှာ ရှိတဲ့ဖိအားက ခန္ဓာကိုယ်တစ်ခုလုံးက အာရုံခံဆဲလ်တွေကို ထိတွေ့ထားတဲ့အတွက် ခန္ဓာကိုယ်ကို သက်တောင့်သက်တာ ဖြစ်နေစေပါတယ်။ ချစ်ရတဲ့သူတစ်ဦးကဖက်လိုက်သလိုပဲ အလေးချိန်ရှိတဲ့ စောင်တွေက လူကို လုံခြုံစေတယ်၊ ဘေးကင်းတယ်လို့ ခံစားရစေတယ်လို့ ကူညီပေးနိုင်ပါတယ်။
 
Ref:higherperspectives
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.