ဖရဲသီး ရင့်မရင့် ဒီအချက် (၃) ချက်ဖြင့် သိနိုင်

067b1bbf-60f2-4a66-9ced-6b77f30442d8.jpg
ဖရဲသီးရဲ့ အစိမ်းရောင် အခွံထူထူလေးက အသီးရဲ့ အတွင်းဘက် အခြေအနေကောင်းမကောင်း သိနိုင်ဖို့ မှန်းဆရ ခက်ခဲစေပါတယ်။  ဖရဲသီးတစ်လုံးကို စားဖို့ အဆင်သင့်ဖြစ်မဖြစ် သိစေမယ့်အချက်တွေကတော့ 
 
၁။ အကွက် ရှိမရှိရှာပါ 
ဖရဲသီးတစ်လုံးကို ခွဲစားဖို့ အသင့်ဖြစ်မဖြစ် သိစေတာက အခွံပေါ်က အကွက်လေးပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဖရဲသီးတစ်လုံးမှာ အခွံပေါ် အဝါဖျော့ရောင် အကွက် တစ်ခုရှိနေပါလိမ့်မယ်။ အဲဒါဟာ ရင့်မှည့်ဖို့ရန်အတွက် မြေကြီးပေါ်ကနေ နေပူဒဏ်ခံခဲ့ရတဲ့ အခြေအနေကို ညွှန်ပြပါတယ်။ အခွံပေါ်မှာ အဝါရောင်အမှတ်အသားမရှိပါက သတိထားပါ။ 
 
၂။ အလေးချိန်စီးမစီး စစ်ဆေးပါ 
ဖရဲသီးကောင်းတစ်လုံးရဲ့ နောက်လက္ခဏာတစ်ရပ်က အလေးချိန်ဖြစ်ပါတယ်။ အဲဒီဖရဲသီးကို ကောက်ကိုင်လို့ မျက်မှန်းထက် ပိုလေးနေရင် ဒါ ကောင်းတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အလေးချိန်ပိုစီးလေ၊ ပိုကောင်းလေပါပဲ။ 
 
၃။ ခေါက်ကြည့်ပါ 
တခြားသစ်သီးသည်တွေဆီကနေ မျက်စောင်းထိုးခံရနိုင်ပါတယ်။ ဒါပေမယ့် ဖရဲသီးရဲ့ အသံလေးနားထောင်ကြည့်ပါ။ အသာလေးခေါက်နားထောင်ကြည့်လို့ လှိုဏ်သံပါရင် အခြေအနေကောင်းတဲ့ သဘောဖြစ်ပါတယ်။  
 
Ref:huffingtonpost
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.