အိမ်ထောင်ပြုပြီးနောက်ပိုင်း အမျိုးသမီးတွေ ညစ်ညမ်းရုပ်ရှင် ပိုမိုကြည့်ရှုဟု လေ့လာမှုဆို

web-woman-laptop-rf-istock.jpg

အမျိုးသမီးတွေဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း ညစ်ညမ်းရုပ်ရှင်ပိုကြည့်ကြပြီး အမျိုးသားတွေမှာ ညစ်ညမ်းရှင်ရှပ်ကြည့်ရှုမှု ပိုနည်းသွားကြောင်း လေ့လာမှုက ဖော်ပြထားပါတယ်။

သုတေသီတွေက အိမ်ထောင်သည် အမျိုးသားနဲ့ အမျိုးသမီးရာနဲ့ချီကို အိမ်ထောင်မပြုခင်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း လိင်မှုကိစ္စအပေါ် သူတို့ အပြုအမူ၊ သဘောထား ပြောင်းလဲမှုအခြေအနေဘယ်လိုရှိလဲ သက်သေပြဖို့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ပါဝင်စမ်းသပ်ခံသူ အမျိုးသမီးများအနက် ၉% ဟာ အိမ်ထောင်မပြုခင် ညစ်ညမ်းရုပ်ရှင်တွေကြည့်ရှုခဲ့ပြီး ၂၈% က အိမ်ထောင်ပြုပြီးမှ ကြည့်ရှုခဲ့ကြောင်း ပြောဆိုကြပါတယ်။ အမျိုးသားတွေမှာ ဆန့်ကျင်ဘက်ဖြစ်တာက ၂၃% ဟာ အိမ်ထောင်မပြုခင် ကြည့်ရှုခဲ့ပြီး ၁၄% က အိမ်ထောင်ကျပြီးမှ ကြည့်ရှုခဲ့ကြောင်း ဆိုပါတယ်။

ယင်းလေ့လာတွေ့ရှိချက်အနေဖြင့် အိမ်ထောင်ပြုပြီးနောက်ပိုင်း အမျိုးသမီးတွေမှာ ညစ်ညမ်းရုပ်ရှင်ကြည့်ရှုမှု ပိုများပြီး အမျိုးသားတွေမှာ သိသိသာသာ လျှော့နည်းကြောင်း သုံးသပ်ထားပါတယ်။

နောက်သုံးသပ်ချက်တစ်ခုက အမျိုးသမီးတွေအနေနဲ့ ရာဂစိတ်ကြွစေတဲ့အရာတွေ ကြည့်ရှုခြင်းဟာ အရင်နှစ်တွေထက် အပြစ်လို့မမြင်တော့တာ ဖြစ်နိုင်ခြေပိုများကြောင်းနဲ့ လိင်စိတ်နိုးကြွစေတဲ့အရာတွေ သုံးစွဲခြင်းက အိမ်ထောင်ပြုခြင်း၊ မပြုခြင်းကြောင့် မဟုတ်ဘဲ အသက်အရွယ်နဲ့ ဆက်စပ်မှု ပိုရှိနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Ref: Independent

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.