၂နှစ် တိတိ ကြက် တစ်ကောင်နဲ့ အတူ ကမ္ဘာအနှံ့ ရွက်လွှင့်ခဲ့တဲ့ အမျိုးသား

guy-travels-with-chicken.jpg
ဟိုးအရင်တုန်းကလည်း Liz Clark ဆိုတဲ့ အမျိုးသမီး တစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲဒီအမျိုးသမီးကတော့ သူ့ရဲ့  ၀န်ထမ်း အလုပ်ကနေ နှုတ်ထွက်ပြီး လှေတစ်စီး ၀ယ်ယူကာ သူမရဲ့  အိမ်မွေးတိရိစ္ဆာန်ကြောင် တစ်ကောင်နဲ့ အတူ နေရာအနှံ့ ရွက်လွှင့်သွားလာခဲ့ပါတယ်။ အခုတစ်ကြိမ်မှာတော့ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကို ခေါ်သွားပြီး စွန့်စားခန်းဖွင့်တာဟာ Clark တစ်ယောက် တည်း မဟုတ်တော့ပါဘူး။ အသက် ၂၄ နှစ်အရွယ် ရှိတဲ့ Guirec Soudee ဟာလည်း ပြင်သစ်နိုင်ငံက စွန့်စားခန်းဖွင့်သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ နှစ်လုံးကို သူ့ရဲ့  အိမ်မွေးတိရိစ္ဆာန် ကြက် တစ်ကောင် ကို သယ်ဆောင်ပြီး ကမ္ဘာအနှံ့ ရွက်လွှင့်နေခဲ့သူပဲ ဖြစ်ပါတယ်။
 
သူ့ရဲ့  ခရီးသွားဖော်သွားဖက် အိမ်မွေးတိရိစ္ဆာန် ကြက် ရဲ့  အမည်ကတော့ Monique လို့ ခေါ်ပါတယ်။ BBC နဲ့ အင်တာဗျူးတုန်းကတော့ Soudee က “ကျွန်တော့် ကြက်လေးဟာ လေးလ ငါးလ လောက်ပဲ အရွယ်ရှိပါသေးတယ်။ အဲဒီကြက်လေးဟာ Canary ကျွန်းစွယ်တွေကို စွန့်ခွာလေ့ မရှိခဲ့ပါဘူး။ ကျွန်တော်နဲ့ က စပိန်နိုင်ငံ ပြင်ပရောက်တာ သူ့အတွက် ပထမဆုံး အကြိမ်ပါ။ ကျွန်တော်က စပိန်စကားတော့ မပြောတတ်ပါဘူး။ သူလည်း ပြင်သစ် စကား နားမလည်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အတူသွားလို့တော့ ရပါတယ်။” လို့ ပြောပြခဲ့ပါတယ်။
 
သူတို့ ၂ဦး ဟာ စပိန်နိုင်ငံ Canary ကျွန်းစွယ်တွေက နေ စတင်ရွက်လွှင့်လာခဲ့ပြီးတဲ့နောက် ကာရီဘီယံ ပင်လယ်က တဆင့် အာတိတ်ဒေသ ပင်လယ်ပြင်တွေဘက်ကို ဦးတည် ရွက်လွှင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ ၂ ဦးရဲ့  ကြည်နူးစရာ ရွက်လွှင့်ခဲ့တဲ့ ပုံရိပ် တွေကိုတော့ Soudee  က Instagram မှာ တင်ထားခဲ့ပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.