သဘာဝဝမ်းလျှောပျောက်ဆေး

shutterstock_232451869-630x350.jpg

ဝမ်းလျှောခြင်းက ပူနွေးတဲ့ လတွေမှာ အဓိကဖြစ်ပေါ်တဲ့ အဖြစ်များဆုံး ကျန်းမာရေးပြသနာတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားတဲ့ ဒီပြသနာတွေဟာ ပိုမိုဆိုးရွားလာဖို့သာ ရှိပါတယ်။

ဒီလိုအခြေအနေမျိုးတွေမှာ ရေဓာတ်ခန်းခြောက်နေတာဖြစ်တဲ့အတွက် ရေများများသောက်ပေးဖို့ ကျွမ်းကျင်ပညာရှင်တွေ အကြံပြုထားပါတယ်။ အစားအစာထဲကနေ ငှက်ပျောသီး၊ ပေါင်မုန့်မီးကင်၊ ထမင်းတွေကို ထောက်ခံချက်ပေးထားပါတယ်။ အဆီနဲ့ အချိုဓာတ်များတဲ့ အစားအစာရယ်၊ အယ်လ်ကိုဟောလ်ပါဝင်တဲ့ အဖျော်ယမကာတွေ ရှောင်ကြဉ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ဒီပြသနာကို အမြန်ဖြေရှင်းဖို့အတွက် ပါဝင်ပစ္စည်းနှစ်ခုဖြင့်သာ ဖော်စပ်ထားတဲ့ သဘာဝဆေးနည်းတစ်ခုကို အကြံပြုချင်ပါတယ်။

ပါဝင်ပစ္စည်းများ

·         ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း (၃) ဇွန်း

·         သံပုယိုရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း

ပြင်ဆင်ပုံပြင်ဆင်နည်း

ကော်ဖီမှုန့်နဲ့ သံပုယိုရည် ရောစပ်ပြီး တစ်သားတည်း ဖြစ်တဲ့အချိန်အထိ မွှေပြီးနောက် အဲဒါကို သောက်ရပါမယ်။ အသာရကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဆေးက အရမ်းထိရောက်ပြီး တိုးတက်မှု ချက်ချင်းမြင်တွေ့ ပါလိမ့်မယ်။

အခြေအနေ ဘယ်လိုမှ တိုးတက်မလာဘဲ ပိုဆိုးလာရင်တော့ ဆရာဝန်ဆီသွားသင့်ပါတယ်။ 

Ref: FLA 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.