ကာတာနိုင်ငံမှာ မုဒိန်းကျင့်ခံရကြောင်းတိုင်ကြားခဲ့သူ အမျိုးသမီး ပြစ်ဒဏ်ကျခံခဲ့ရ

sleep_9.jpg
ဟော်လန်နိုင်ငံ သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး (CNN  သတင်းဌာနကတော့ သူမကို “Laura” လို့ ခေါ်ထားပါတယ်) တစ်ဦးဟာ ကာတာ နိုင်ငံမှာ ရောက်ရှိနေစဉ် သူမ မုဒိန်းကျင့်ခံရတဲ့အကြောင်းကို တိုင်ကြားခဲ့ရာကနေ ပြစ်ဒဏ်ကျခံခဲ့ရတယ်လို့ သိရပါတယ်။ သူမရဲ့  ရှေ့နေဖြစ်သူ Brian Lokollo ရဲ့  ပြောကြားချက်အရတော့ ထို အမျိုးသမီးဟာ အရက်အနည်းငယ် သောက်လိုက်ရာကနေ မအီမသာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ သူမဟာ မရင်းနှီးတဲ့ နေရာတစ်ခုမှာ နိုးထလာပြီး သူမ မုဒိန်းကျင့်ခံထားရတယ်ဆိုတာ သိလိုက်ရတယ်လို့ Brian Lokollo က ဆိုပါတယ်။
 
သူမ ဟာ အဲဒီအကြောင်းတွေကို ရဲစခန်းမှာ တိုင်ကြားလိုက်တဲ့အခါမှာ သူမကို အချုပ်ခန်းထဲမှာ ဖမ်းဆီးချုပ်နှောင်လိုက်တာပဲ ဖြစ်ပါတယ်။ ရှေ့နေဖြစ်သူ Lokollo ကတော့ ထို အမျိုးသမီး ဘာကြောင့် အဖမ်းခံရတယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးကြောင်း အခိုင်အမာ ဆိုထားပါတယ်။ CNN သတင်းဌာနကိုတော့ “ဘာပြစ်မှုလဲတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်သိသလောက်တော့ သူမ မုဒိန်းကျင့်ခံရတဲ့အကြောင့် သတင်းပို့လိုက်တဲ့အတွက် သူမ အချုပ်ခန်းထဲရောက်သွားတာပါ” လို့ ရှေ့နေဖြစ်သူ က အခိုင်အမာ ထွက်ဆိုခဲ့ပါတယ်။
 
ဟော်လန်ရေဒီယို ဌာန တစ်ခုဖြစ်တဲ့ NOS-Radio 1 နဲ့ အင်တာဗျူးပြုလုပ်တဲ့အခါမှာတော့ ရှေ့နေ Lokollo က “သူမဟာ မတ်လ တုန်းက အရွယ်ရောက်ပြစ်မှုအတွက် သံသယရှိခံယပြီး အဖမ်းခံခဲ့ရပါတယ်။ အရွယ်ရောက်ပြစ်မှုဆိုတာ အိမ်ထောင်ရေး ဖောက်ပြန်မှုကို ဆိုလိုတာပါ” လို့ ထွက်ဆို ပြောပြခဲ့ပါတယ်။ အရွယ်ရောက်ပြစ်မှုဟာ ကာတာနိုင်ငံမှာတော့ ပြင်းထန်တဲ့ပြစ်ဒဏ်ကျခံရတဲ့ ပြစ်မှု ပဲ ဖြစ်ပါတယ်။ အစ္စလာမ် နိုင်ငံအများစုမှာလည်း ဒီလို ပြစ်မှုမျိုးတွေရှိပါတယ်။ ဟော်လန်အစိုးရနဲ့ ကာတာနိုင်ငံက ဟော်လန် သံရုံးတို့ကတော့ ထိုအမျိုးသမီး ဘက်နဲ့ ထိုအမျိုးသမီး ရဲ့  မိသားစုကို အနီးကပ် အဆက်အသွယ်ရအောင် ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့ တနလာင်္နေ့မှာတော့ သူမကို လေးကြိမ်မြောက် တရားရုံးထုတ် စစ်ဆေးပြီးတဲ့နောက် အိမ်ထောင်ရှိသူနဲ့ လိင်ဆက်ဆံတဲ့ ပြစ်မှုနဲ့ ပြည်နှင်ဒဏ် ၁ နှစ် ကျခံစေခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြထားပါတယ်။ သူမကို မုဒိန်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံရသူ Omar Abdullah al-Hasan ဆိုသူကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ပြည်နှင်ဒဏ် နဲ့ ကြိမ်ဒစ် အချက် ၁၄၀ တို့ကို ကျခံစေခဲ့တယ်လို့လည်း သိရပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.