သူများနဲ့မတူတဲ့ အင်္ကျံဒီဇိုင်းအလန်းလေးတွေ ၀တ်ပြီးလမ်းထွက်ကြမယ်ဆိုရင် ဒီကောင်မလေးတွေ အပေတေလေးတွေဆိုပြီး အကြည့်ခံရဖူးကြမှာပါ။ အခု ဖော်ပြပေးချင်တဲ့ ဒီဇိုင်းလေးတွေကတော့ စတိုင်လဲကျ ၊ ခေတ်လဲမီပြီးအမြင်မရိုင်းစေ ပါဘူး။ ဒီဇိုင်းမျိုးစုံနဲ့ အရောင်ချွတ်ထားတဲ့ပုံလေးတွေပါ။
(၁) အပြာရောင်ဗြောင်ကို အခုလို အဖြူကွက်လေးတွေရအောင် ချွတ်ထားတာပါ။ ပုံစံရိုးပေမယ့် အမြင်ဆန်းစေပါတယ်။
(၂) ဒီအင်္ကျံပုံလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်လဲကျပါတယ်။
(၃) အနက်ရောင်ကို ဒီလို အနုစိတ်အရောင်ချွတ်ထားတာပါ။ ဘောင်းဘီ တစ်ထည်လန်းနေရုံနဲ့ တစ်ကိုယ်လုံး ပြည့်စုံစေပါတယ်။
(၄) ဒီနည်းကတော့ လွယ်ကူတဲ့ အရောင်ချွတ်နည်းပါ။ ဒါပေမယ့် စတိုင်ကျပါတယ်။
(၅) စကတ်အပြာပြောင်ကို အနားချန်ပြီး အရောင်ချွတ်ထားတာပါ။
(၆) လိမ္မော်ရောင် ဂျင်းပန်ကို ဒေါင်လိုက်စင်း အရောင်ချွတ်ထားတာပါ။
(၇) ဒါကတော့ လိမ္မော်ရောင် ပိတ်စဗြောင်ကို အခုလို အကွက်ဖြစ်အောင် ချွတ်ထားတာပါ။
ဒါတွေကတော့ စတိုင်လဲကျ ၊ ဖန်တီးရလွယ်ကူပြီး ခေတ်ဆန်တဲ့ ဒီဇိုင်းလေးတွေပါ။ ပတ်ဝန်းကျင်ရဲ့ အကြည့်စူးတွေကိုလဲ ရှောင်ရှားနိုင်ပါတယ်။
Ref:Lucky