နံရံပေါ် ရုပ်ပုံတွေချိတ်ဆွဲ အလှဆင်မယ်ဆိုရင်

c2854615-9064-4d5c-b7ae-b6e8eb2c1901.jpg
ရုပ်ပုံတွေက ဘယ်သူမဆို အတိတ်ဟောင်း အဖြစ်အပျက်တွေကို ပြန်လည်ခံစားစေပါတယ်။ လူတိုင်း တခါတလေ ပုံဟောင်းတွေကို အချိန်ပေးကြည့်ရှုတတ်ကြပြီး အရင်ချိန်တွေ ပြန်လည် အမှတ်ရနေတတ်ကြပါတယ်။ အောက်က အချက်တွေဟာ မိမိအိမ်ကို ရုပ်ပုံတွေနဲ့ အလှဆင်နိုင်မယ့် နည်းလမ်းတွေ ဖြစ်ပြီး တွယ်တာစရာ အတိတ်ဟောင်းတွေ နိုးဆွပေးတဲ့အပြင် သင့်အိမ်ကို တမူထူးခြားလှပစေမှာပါ။ 
 
နံရံကို သေချာရွေးပါ 
 
သင့်အိမ်မှာ ဆေးရောင်တစ်မျိုးတည်း သုတ်မယ့် နံရံတစ်ခုရွေးချယ် သတ်မှတ်ပါ။ နံရံကို ပိုထင်းမယ့် အရောင်တစ်မျိုးဖြင့် ဆေးပြန်သုတ်ပေးပါ။ အဲဒီနံရံမှာ ချိတ်ချင်တဲ့ မိမိအကြိုက်ဆုံး ဓာတ်ပုံတွေကို အဖြူအမည်းဖြင့် ပရင့်ထုတ်ရပါမယ်။ အဲဒီ အဖြူအမည်းရုပ်ပုံတွေကို အနက်ရောင် သို့မဟုတ် အဖြူရောင်ဖြင့် ဘောင်ကွပ်ပြီး ခုနကဆေးသုတ်ထားတဲ့ နံရံမှာ ချိတ်ပါ။ 
 
သဘာဝကျည်းဘောင် 
 
ဆိုင်ကနေ ဝယ်ထားတဲ့ဘောင်အစား ဓာတ်ပုံဘောင်တွေကို သင်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။ ဘောင်ပြုလုပ်ဖို့အတွက် သဘာဝဖြင့် စိတ်ကူးပုံဖော်နိုင်ပါတယ်။ ဥပမာ – ဘောင်ကို လုံးဝိုင်းတဲ့ ကျောက်စရစ်ခံလှလှလေးတွေနဲ့ ဘောင်ကွပ်နိုင်ပါတယ်။ 
 
လှေကားထစ်ပုံစံ စင်အခင်းအကျင်း 
 
ဓာတ်ပုံပြခန်းတစ်ခုအတွက် လှေကားထစ်စင်ဟာ များစွာ အသုံးဝင်နိုင်ပါတယ်။ လှေကားထစ်စင်နံရံကို မှီထောင်ပြီး သေချာခိုင်ခံ့အောင်ထားပြီး  ဓာတ်ပုံတွေချိတ်ဖို့ရာ မူလီတွေ စုပ်ပေးပါ။ 
 
စားပွဲခုံဓာတ်ပုံ 
 
အကယ်၍ သင့်မှာ ဖန်သားစားပွဲခုံရှိတယ်ဆိုရင် အောက်ဘက်မျက်နှာပြင်မှာ ဓာတ်ပုံတွေ ထည့်ထားနိုင်ပါတယ်။ ကောင်းမွန်တဲ့ ခံစားမှုရသ ရရှိပြီး မိသားစုဝင်များနဲ့ မိတ်ဆွေသူငယ်ချင်းများ ကော်ဖီသောက် သို့မဟုတ် ထမင်းစား လာကြတဲ့အခါ အားလုံးကို ပျော်ရွင်ကြည်နူးစေပါလိမ့်မယ်။ 
 
Ref:finelivingadvice
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.