အိပ်မက်ဆန်တဲ့ မင်္ဂလာပွဲမျိုးလေး ဖြစ်စေဖို့ မင်္ဂလာပွဲတွေမှာ အသုံးများလာတဲ့ smoke bomb များ

smoke_bomb.jpg
ခုချိန်မှာ မင်္ဂလာပွဲတစ်ပွဲ ကျင်းပတော့မယ်ဆိုရင် သူများနဲ့မတူအောင် ဘယ်လိုအသစ်အဆန်းလေးတွေ အစီအစဉ်ထဲ ထည့်သွင်းရမလဲဆိုပြီး သတို့သား၊ သတို့သမီးတွေက စိတ်ဝင်တစားကို ဆောင်ရွက်လာကြပါပြီ။ တစ်နှစ်ထက် တစ်နှစ် မင်္ဂလာပွဲတစ်ပွဲ ကျင်းပပုံ ကျင်းပနည်းလေးတွေဟာ နည်းနည်းချင်းစီ ပြောင်းလဲလာသလို ရှေးရိုး အတိုင်း ကျင်းပမယ်ဆိုရင်တောင် အပြောင်းအလဲနည်းနည်းလေးတော့ ပြုလုပ်လာကြပါတယ်။
 
Elite Daily က ဖော်ပြချက်အရတော့ ဒီနှစ်အတွင်း ကျင်းပပြုလုပ်တဲ့ မင်္ဂလာပွဲတွေမှာ smoke bomb တွေကို အသုံးပြုလာကြပါတယ်တဲ့။ ကိုယ်ကြိုက်တဲ့ ကာလာကို ရွေးချယ်ပြီး smoke bomb တွေ အသုံးပြုခြင်းအားဖြင့် သတို့သားနဲ့ သတို့သမီးကို အိပ်မက်ဆန်ဆန် မင်္ဂလာပွဲလေးတစ်ပွဲ ဖြစ်သွားစေတာမို့ မင်္ဂလာပွဲတွေအတွက် smoke bomb တွေဟာ တော်တော်လေး ရေပန်းစားလာပါတယ်။
[[{“fid”:”16898″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
ဒါပေမယ့် smoke bomb တွေ သုံးတာဟာ အပျော်သဘောသာဖြစ်ပြီး သူတို့တွေက နည်းနည်းလေး အပူရှိန်ရှိတာကြောင့် သတို့သား သတို့သမီးတွေအနေနဲ့ smoke bomb တွေသုံးမယ်ဆို လုံခြုံစိတ်ချရစေဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာရမှာ ဖြစ်ပါတယ်။
 
ဥပမာ အရမ်းခြောက်သွေ့နေတဲ့ ကွင်းပြင်တွေမှာ smoke bomb တွေသုံးမယ်ဆိုရင် မီးအလွယ်တကူ လောင်နိုင်ပါ တယ်။ အနီးအနားမှာ ရေနဲ့ပတ်သက်တဲ့ ရေကန်၊ ဒါမှမဟုတ် ရေတံခွန်အသေးလေး စသဖြင့် အေးချမ်းတဲ့အရာ တစ်ခုခုရှိရင်တော့ smoke bomb သုံးရတာ ပိုစိတ်ချလုံခြုံပါလိမ့်မယ်။ ဒီတော့ ကိုယ့်မင်္ဂလာပွဲအတွက် smoke bomb သုံးမယ်ဆိုရင်တော့ အရည်အသွေးကောင်းပြီး ထိခိုက်နာကျင်မှုတွေ အရှောင်နိုင်ဆုံး smoke bomb ကိုသာ ရွေးချယ်သင့်ပါတယ်။
[[{“fid”:”16899″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
Smoke bomb သုံးခြင်းအားဖြင့် အပေါ်မှာပြောသလို သတို့သားနဲ့သတို့သမီးဟာ အိပ်မက်ဆန်တဲ့ မင်္ဂလာပွဲလေး ကျင်းပရသလို ခံစားချက်မျိုး ဖြစ်စေတဲ့အပြင် မင်္ဂလာဓာတ်ပုံတွေမှာလည်း သူများနဲ့ မတူတဲ့ အမိုက်စား ပုံလေးတွေ ရရှိအောင် smoke bomb တွေက ကူညီပေးနိုင်ပါတယ်။
 
Ref:yourtango
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.