အဝတ်အစား မီးပူတိုက်တဲ့အခါ လုံးဝမလုပ်သင့်တဲ့အချက်

ironing_donts.jpg

ရှပ်အကျီင်္ကို မဝတ်ခင်လေး မီးပူဘယ်နှစ်ခါ တိုက်ဖူးပါသလဲ။ တိုက်ဖူးတယ်ဆိုရင် သင့်မီးပူတိုက်နည်း မှားကောင်း မှားနိုင်ပါတယ်။ အဝတ်အစားတွေကို မီးပူတိုက်ပြီးပြီးချင်း လုံးဝ မဝတ်သင့်ပါဘူး။ အဲဒီအစား ခေါက်ရာတွေ အသားကျအောင် နာရီအနည်းငယ် ထားပေးသင့်ပါတယ်။ ဒီအချက်က တချို့အဝတ်အစားတွေကို ချက်ချင်း ဝတ်ဆင်လိုက်တဲ့အခါ ဘာကြောင့် ပြန်တွန့်သွားလဲဆိုကို ရှင်းပြထားပါတယ်။ သင့်အဝတ်အစားတွေ မီးပူထိုးနေစဉ် ပျက်စီးမှုမဖြစ်အောင် တားဆီးဖို့ အောက်ပါစည်းကမ်းချက်တွေကို လိုက်နာသင့်ပါတယ်။

စက်ဝိုင်းပုံစံနဲ့ လုံးဝမထိုးပါနဲ့။ အထည်သားအတွက် ပျက်စီးသွားစေနိုင်ပါတယ်။

အရမ်းခြောက်လွန်းသွားတဲ့အချိန်မှ  မီးပူမတိုက်ပါနဲ့။ စိုထိုင်းထိုင်းလေးနဲ့ဆို အတွန့်တွေအတွက် ပိုပြန့်လွယ်ပါတယ်။

မီးပူရဲ့ အပူအအေးချိန်ညှိမှုကို အထူးသတိပြုပါ။ အပူလွန်ကဲစွာ ချိန်ညှိအသုံးပြုခြင်းက အဝတ်အစားကို ပျက်စီးဖို့ ပိုမိုလွယ်ကူစေပါတယ်။

နောက်  လိုက်နာသင့်တဲ့အချက်တစ်ခုက အဝတ်အစားကို ပြောင်းပြန်လှန် တိုက်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒါက အထည်သား ပျက်စီးမှုမဖြစ်အောင် တားဆီးပေးပါလိမ့်မယ်။

မီးပူ သန့်ရှင်းနေပါစေ။ အဝတ်အစားပေါ် တစ်ခုခုကပ်ကျန်မနေချင်ဘူး မဟုတ်လား။ မီးပူအများစုကို အိမ်သုံးသန့်ရှင်း ကိရိယာတစ်ခုခုနဲ့ သန့်ရှင်းပေးနိုင်ပါတယ်။

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.