အမျိုးသမီးတွေ သဘောအကျဆုံး အမျိုးသားများရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းက ဘယ်အပိုင်းတွေလဲ

yoga_men31.jpg

အမျိုးသမီးတွေမှာ ဆွဲဆောင်မှုရှိတာ ဘာတွေလဲလို့ အမျိုးသားတွေကို မေးရင် မျက်နှာ၊ တင်ပါး၊ ရင်ဘတ်၊ ခြေထောက်၊ မျက်လုံး၊ အပြုံး စသည်စသည်ဖြင့် ပြောဆိုကြပါလိမ့်မယ်။ အမျိုးသမီးတွေကို သူတို့အမြင်မေးကြည့်တဲ့အခါ ဘယ်အမျိုးသားမှ ထင်မှတ်မထားတဲ့ တုံ့ပြန်မှုတွေ ကြားခဲ့ရပါတယ်။

ကြွက်သား

ကာယဗလလေ့ကျင့်သူတွေမှာ ရှိသလိုမျိုး ခန္ဓကိုယ်တောင့်တောင့်လေးကို အမျိုးသမီးများ အကြိုက်ဆုံးလို့ အမျိုးသားများ ယူဆကြပါတယ်။ ဒါပေမယ့် အမျိုးသမီး ၁၀% ခန့်သာ အဲဒီလိုကြွက်သားတွေကို သဘောကျပြီး ၅၀% က သာမှန်ကိုယ်လုံးကိုယ်ပေါက်နဲ့ အမျိုးသားတွေကို ပိုသဘောကျပါတယ်။

လက်မောင်းနဲ့ ပခုံး

အမျိုးသမီးအများစုက ပုခုံးကျယ်ကျယ်နဲ့ သန်မာတဲ့ လက်မောင်းတွေ လိုချင်ကြတယ်။ လက်ဖျံနဲ့ လက်ဖဝါးကြီးကြီး မလိုချင်ကြပါဘူး။

တင်ပါး

တင်ပါးရှိတဲ့ အမျိုးသားတွေကို အမျိုးသမီးများ ပိုသဘောကျကြပါတယ်။ ၁၇% က သူတို့ထက် တင်ပါးပိုကြီးသူကို အခွင့်အရေးပေးမှာမဟုတ်ဟု ပြောဆိုကြပါတယ်။

သွားနဲ့ မျက်လုံး

ပိုးစားခြင်းမရှိ ဖြူဖွေးတဲ့သွားတွေဟာ အမျိုးသားတွေကို အကဲခတ်ရာမှာ သိပ်အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးများအတွက် မျက်နှာအချိုးကျတာမကျတာ အရေးမကြီးပါဘူး။ လှပတဲ့အပြုံးကသာ အရေးကြီးတာပါ။ သူတို့က မျက်လုံးကို သိပ်အလေးထားတတ်ကြပါတယ်။ အသားရောင်က အရေးမပါဘူး။ အကြည့်လေးသာ အရေးကြီးပါတယ်။

ဆံပင်နဲ့ အရပ်အမောင်းက သိပ်အရေးမကြီးပါ

အမျိုးသားအများစုက သူတို့ဆံပင်တွေ ကျွတ်တဲ့အခါ စိုးရိမ်ပြီး ပြုပြင်မှုအမျိုးမျိုးပြုရန် ပိုက်ဆံမြောက်များစွာ အသုံးပြုကြပါတယ်။ အမျိုးသမီး ၄၀% ကျော်က ထိပ်ပြောင်တဲ့အမျိုးသားတွေကို ပိုသဘောကျကြပါတယ်။ အမျိုးသမီးများက သူတို့ထက် အနည်းဆုံး ၄ လက်မ ပိုအရပ်မြင့်သူကို ဆွဲဆောင်မှု ပိုရှိပါတယ်။ 

Ref: Finelivingadvice 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.