ချစ်သူရည်းစားနဲ့ ခိုးရားလိုက်ပြေးတဲ့ ပါကစ္စတန် အမျိုးသမီးငယ် မီးရှို့အသတ်ခံရ

yasir-nisar-women-struggles-womens-rights-800x400.jpg
Zeenat Rafiq လို့ အမည်ရတဲ့ အသက် ၁၈ နှစ် အရွယ် ပါကစ္စတန် နိုင်ငံသား အမျိုးသမီး တစ်ဦးဟာ ပါကစ္စတန် ရိုးရာ မင်္ဂလာဆောင်ကျင်းပဖို့ကို ငြင်းပယ်ခဲ့ပြီး သူမရဲ့  ချစ်သူရည်းစားနဲ့ ခိုးရာလိုက်ပြေးခဲ့တာကြောင့် အရှင်လတ်လတ် မီးရှို့ အသတ်ခံခဲ့ရပါတယ်။
 
သူမရဲ့  အမေ နဲ့ အစ်ကိုတို့ဟာ သူမကို သူမနေထိုင်ရာ အိမ်မှာရှိတဲ့ ကုတင်တစ်ခုမှာ သူမကို ကြိုးနဲ့ ချည်တုပ်ပြီး ရေနံဆီ လောင်းပက် ကာ မီးရှို့  သတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့  မိခင်ဖြစ်သူ Parveen ဟာလည်း အဲဒီနေ့မှာပဲ သူမရဲ့  သမီးကို သတ်ခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံ အဖမ်းခံ ခဲ့တယ်လို့ သိရပါတယ်။
 
Zeenat ရဲ့  ချစ်သူကောင်လေးဖြစ်တဲ့ မော်တော်ဆိုင်ကယ် ပြုပြင်ရေးသမားလေး ကလည်း Zeenat ဟာ သူနဲ့ အတူရှိနေရတာ အသက်အန္တရာယ်ရှိတဲ့အကြောင်း ပြောဖူးတယ်လို့ ၀န်ခံ ထွက်ဆိုထား ပါတယ်။ နှစ်စဉ်နှစ်တိုင်း ပါကစ္စတန် နိုင်ငံသား အမျိုးသမီး အနည်းဆုံး ၁၀၀၀ ခန့်ဟာ ဂုဏ်သိက္ခာအတွက်ကွပ်မျက်ခြင်း (honor killings) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သေဆုံးနေကြပါတယ်။
 
ထိုအမျိုးသမီးတွေဟာ အိမ်ထောင်ပြုခြင်း ၊ အချစ် တို့နဲ့ပတ်သက်တဲ့ ရှေးရိုးစွဲ ဓလေ့ ၊  စံချိန်စံနှုန်းတွေကို ဆန့်ကျင် ရပ်တည်မယ်ဆိုရင် သူတို့တွေဟာ ယဉ်ကျေးမှုအရ ကြောက်ဖက်ဖွယ် နည်းလမ်းတွေနဲ့ အပြစ်ပေးခံရတာဟာ သူတို့ရဲ့  ယဉ်ကျေးမှုတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.