ဖရုံစေ့လက်တစ်ဆုပ် စားရုံဖြင့် ရရှိမယ့် အကျိုးအာနိသင်များ

handful-seeds-day-can-prevent-cancer-fight-many-diseases.jpg

ဖရုံစေ့တွေဟာ အကျိုးဖြစ်ထွန်းစေတဲ့ အစေ့ဖြစ်ပြီး ဇင့်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင်ကေ စတဲ့ မရှိမဖြစ် သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ ဖရုံစေ့ လက်တစ်ဆုပ်စာလောက် နေ့တိုင်းစားပေးခြင်းဖြင့် ကိုလက်ထရော ပမာဏလျော့ကျစေတယ်။ ဆီးချိုရောဂါ၊ အရိုးပွရောဂါ ကာကွယ်ပေးပြီး ကိုယ်အလေးချိန်တက်ခြင်းနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

ဖရုံစေ့မှ ရောဂါများ စောင့်ရှောက်ပေးပုံ

၁။ ကင်ဆာရောဂါကာကွယ်ပေးခြင်း

ဖရုံစေ့မှာ ကင်ဆာရောဂါတိုက်ဖျက်ချေမုန်းပြီး ကင်ဆာရောဂါရှိသူရဲ့ရောဂါအန္တရာယ် ၂၃% လျော့ကျစေတဲ့ ကင်ဆာတိုက်ဖျက်ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

၂။ ရာသီသွေးဆုံးချိန်နာကျင်မှုဝေဒနာ သက်သာစေ

ဖရုံစေ့က အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ စိတ်ခံစားချက် ရုတ်ချည်းပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ သွေးဆုံးချိန် ကိုက်ခဲမှုဝေဒနာ သက်သာစေပါတယ်။

၃။ ကိုလက်ထရောပမာဏ လျော့နည်းစေ

ဖရုံစေ့က သင့်ကိုယ်လက်ထရောပမာဏ ၁၃% လျော့ချပေးတဲ့အပြင် သွေးပေါင် ပုံမှန်ဖြစ်အောင်လုပ်ပေးပါတယ်။ နောက် ဦးနှောက်သွေးကြောပိတ်ခြင်း၊ သွေးခဲခြင်းနဲ့ နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ် များစွာ လျော့နည်းစေပါတယ်။

၎။ ဆီးချိုရောဂါကာကွယ်ပေးခြင်း

ဖရုံစေ့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီအက်ဆစ်ကြွယ်ဝပြီး သွေးထဲသကြားပါဝင်မှု ပုံမှန်ဖြစ်အောင် ညှိပေးပါတယ်။

၅။ ကိုယ်အလေးချိန်ကျစေ

ဖရုံစေ့မှာ အသားဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပါတယ်။ နေ့စဉ်စားပေးတဲ့အခါ ဝအီမှုခံစားချက်ဖြစ်ပြီး အစာစားလိုစိတ် ပိုလျော့နည်းပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့ ကိုယ်အလေးချိန်ကျ လာပါလိမ့်မယ်။

၆။ အရိုးပွရောဂါ ကာကွယ်ပေး

ဖရုံစေ့မှာ အရိုးသန်မာဖို့ မရှိမဖြစ် ဖြစ်တဲ့ ဇင့်ဓာတ်ရရှိစေပါတယ်။ ဖရုံစေ့ ခွက် ၄ပုံ ၁ပုံမှာ နေ့စဉ် ဇင့်ဓာတ်လိုအပ်မှု ၁၇% ခန့်ပါဝင်ကြောင်း သိရပါတယ်။ 

Ref: finelivingadvice

30 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.