LGBT အဖွဲ့အစည်းတစ်ခု နဲ့ အနုပညာရှင်တစ်ဦး တို့ပူးပေါင်းပြီး Pride ၀ိုင် ၂ မျိုး ကိုထုတ်လုပ်

elitedaily_jesse_morrow_wine.jpg
ဇွန်လ ၈ ရက်နေ့တုန်းက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Tituss Burgess နဲ့ GLAAD ဆိုတဲ့ အဖွဲ့အစည်းတို့ ပူးပေါင်းပြီး “Pinot Pride” နဲ့ “Rose Pride” လို့ခေါ်တဲ့ ၀ိုင် ၂ မျိုးကို စတင် ထုတ်လုပ်လိုက်တဲ့အကြောင်း ထုတ်ဖော် ကြေညာခဲ့ပါတယ်။ 
 
Tituss Burgess ကတော့ အဆိုတော် ၊ သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ သူဟာ အဆိုတော်တွေကြားမှာ “Tenor” လို့ခေါ်တဲ့ ယောကျာင်္းလေးအသံအမြင့် တစ်မျိုးကို ကျွမ်းကျင်စွာ သီဆိုနိုင်တာကြောင့် နာမည်ကြီးခဲ့သူဖြစ်သလို ဒီနှစ်ထဲ ထွက်ရှိလာတော့မယ့် Angry Birds ဇာတ်လမ်း ထဲမှာလည်း အသံပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ GLAAD အဖွဲ့အစည်းကတော့ LGBT လူ့အဖွဲ့အစည်းနဲ့ လှုပ်ရှားမှုတွေကို လက်ခံပေးဖို့ တောင်းဆိုလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
 
သူတို့ ပူးပေါင်းထုတ်လုပ်တဲ့ ၀ိုင်တွေရဲ့  အရသာတွေကတော့ နည်းနည်း ဆန်းပြားပါတယ်။ “Pinot Pride” ဆိုတဲ့ ၀ိုင်ကတော့ လိုင်ချီး ၊ ကိုလာ ၊ မုန့်ဖုတ်ငြုတ်သီးမှုန့်တွေ ပါဝင်တဲ့ အနီရောင်သစ်သီးများ နဲ့ ပျားရည်အရိုင်းပန်း တို့ကို ပေါင်းစပ်ထားပြီး ကာကာအို ရနံ့ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ “Rose Pride” ကတော့ စိုက်ခင်းထွက် စတော်ဘယ်ရီ ၊ မာကျောတဲ့ သစ်တော်သီးအသား နဲ့ အာရုံဦး နှင်းစက်တို့ရဲ့  အရသာ များကို အချိုးညီစွာ ပေါင်းစပ်ထားတယ်လို့ သိရပါတယ်။
 
ထို ၀ိုင်တွေကိုတော့ ဇွန်လ ၁၀ ရက်ကနေ ၁၂ ရက်အထိ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကျင်းပမယ့် LGBT တို့ရဲ့ အောင်ပွဲခံ ဂုဏ်ပြုပွဲတစ်ခုဖြစ်တဲ့ LA Pride ဂီတပွဲတော်မှာ ရောင်းချနိုင်ဖို့ အချိန်မီ ထုတ်လုပ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.