Hardware ဟက်ကာတစ်ဦးမှ iPhone မှာ Android OS လည်ပတ်စေမယ့် ဖုန်းအစွပ် တီထွင်

iphone-ios-android-hack-tendigi-nick-lee-1.0.jpeg

ဟက်ကာတွေနဲ့ ကွန်ပျူတာသရဲတွေဟာ operating system တစ်ခုကို သူနဲ့ မသက်ဆိုင်တဲ့ စက်ပစ္စည်းဆီမှာ အတင်းသွတ်သွင်းဖို့ အမြဲကြိုးစားတတ်ကြပါတယ်။ iPhone မှာ Android မောင်းနှင်လည်ပတ်စေခြင်း၊ Android phone မှာ iOS သို့မဟုတ် စက်တစ်ခုတည်းမှာ iOS နဲ့ Android နှစ်မျိုးလုံး လည်ပတ်စေတဲ့ နည်းလမ်းတွေရဲ့ နောက်ကွယ်မှာ အမြဲတမ်း သူတို့တွေ ရှိနေပါတယ်။

App တစ်ခုမှ iOS စက်ထည့်သွင်းပြင်ဆင်ဖို့ မလိုဘဲ iPhone မှာ Android OS မောင်းနှင်လည်ပတ်ပေးမယ့် နည်းလမ်းသစ်တစ်ခုကို Hardware hacker တစ်ဦးမှ မကြာသေးခင်က ဖော်ပြခဲ့ပါတယ်။

မိုဘိုင်းထုတ်လုပ်သည့်ကုမ္ပဏီ Tendigi ရဲ့ CTO Nick Lee ဟာ အထူးပြင်ဆင်ပြုလုပ်ထားတဲ့ iPhone အဖုံးစွပ်လေးတစ်ခု ဖန်တီးခဲ့ပြီး iPhone နဲ့ ချိတ်တဲ့အခါ Android OS ဗားရှင်းတပ်ဆင်ထားသကဲ့သို့ မောင်းနှင် လည်ပတ်စေမှာဖြစ်ပါတယ်။ Nick Lee ဟာ Apple Watch က Windows 95 အပါဝင် Apple gadgets တွေမှာ အသုံးပြုနေတဲ့ တထူးတခြား operating system တွေ စီစဉ်ထည့်သွင်းခြင်းအတွက် နာမည် ရရှိထားသူဖြစ်ပါတယ်။

Android Open Source Project (AOSP) ကိုယ်ပွားဖန်တီးဖို့နဲ့ Android Marshmallow ဗားရှင်းပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက် သူ iPhone ဖုံးအရွယ်အစားအတိုင်း 3D ပုံစံ print ထုတ်လုပ်ခဲ့ပါတယ်။ board, battery, boost converter တစ်ခုနဲ့ အလေးချိန်ပေါ့ပါးစေမယ့် လျှပ်ခံ resistor ပေါင်းစပ်ထားပါတယ်။ အစတော့ အတော် ထုထည်ကြီးမားခဲ့ပါတယ်။ 

နောက်ဒီဇိုင်းက ပြားချပ်လာခဲ့ပြီး SD card အပေါက်အပြင် HDMI နဲ့ USB အပေါက်တွေလည်း ပါဝင်လာပါတယ်။ iPhone home screen မှာ ရိုးရိုး Tendigi app နဲ့ဆို android ထည့်သွင်းပြီးသားဖြစ်ပါပြီ။ Android ကို iPhone အားသွင်းပေါက်နဲ့ ၄င်းကာဗာ တိုက်ရိုက်ချိတ်ဆက်ကာ လည်ပတ်ခြင်းပဲ ဖြစ်ပါတယ်။ 

Ref: alltechbuzz 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.