အင်တာနက် စွဲလန်းမှုက မိတ်ဆွေအစစ်အမှန်တွေကို ဥပေက္ခာပြုစေနိုင်

office-worker-stressed.jpg

အင်တာနက်စွဲလန်းမှုက လူတွေ သူတို့စမတ်ဖုန်းအပေါ် အာရုံစိုက်ဖို့ လူတွေကို မသိကျိုးနွံပြု ခြင်း သို့မဟုတ် မိတ်ဆွေအပေါင်းအသင်းများအား ပစ်ပယ်နေကြတဲ့ နောက်ကွယ်က အကြောင်းအရင်းဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။ ယူကေနိုင်ငံ University of Kent က သုတေသီတွေက လူတွေရဲ့ အင်တာနက်စွဲလန်းမှုဟာ လူမှုဆက်ဆံရေးဥပေက္ခာပြုခြင်းနဲ့ လျစ်လျူ  ရှူ ရမှုတွေ ပိုမိုများပြားလာစေတယ်လို့ ဖော်ပြထားပါတယ်။  

ဒီအင်တာနက်စွဲလန်းမှုဟာ လျစ်လျုရှုတတ်တဲ့ အကျင့်ရှိသူတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အပြန်အလှန်အနေနဲ့ သူတို့ကို ဒီအပြုအမူတွေကလည်း သမရိုးကျအဖြစ် ရှုမြင်စေပါတယ်။ University's School of Psychology က Varoth Chotpitayasunondh နဲ့ ပါမောက္ခ Karen Douglas မှ ပြုလုပ်တဲ့ သုတေသနမှ စမတ်ဖုန်းစွဲလန်းခြင်းနဲ့ ဆက်စပ်တဲ့ အချက်အလက်များစွာ ဖော်ထုတ်ခဲ့ပါတယ်။

အဲဒီအချက်တွေက အင်တာနက်စွဲလန်းခြင်း၊ လက်လွှတ်ဆုံးရှုံးမှာကြောက်ရွံ့ခြင်းနဲ့ မိမိကိုယ်ကိုယ် ထိန်းချုပ်မှုကင်းမဲ့ခြင်းတွေ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းစွဲလန်းမှုက လျစ်လျုရှူခြင်းအမူအကျင့်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဥပေက္ခာပြုခြင်းနဲ့ ဥပေက္ခာပြုခံရခြင်းက လူတွေကို ဒီအမူအကျင့်ကို သာမှန်ဖြစ်ရိုးဖြစ်စဉ်လို မှတ်ယူစေကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ 

Ref:timesofindia.indiatimes

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.