နှာပိတ်တာကို သက်သာသွားစေမယ့် ဆေးဖက်ဝင်အပင် သို့မဟုတ် ရနံ့ကုထုံး

1412182041220_wps_11_image001_png.jpg

ဆေးဖက်ဝင်အပင်တွေ ရှူရှိုက်ခြင်း သို့မဟုတ် ရို့စ်မေရီ၊ ယူကလစ်ပင်နဲ့ ပူစီနံရွက်ကဲ့သို့သော ဆေးဖက်ဝင်အပင်တွေ ပါဝင်တဲ့ ရနံ့ကုထုံးထုတ်ကုန်ပစ္စည်းတွေဟာ နှာပိတ်ခြင်းနဲ့ဆက်စပ်တဲ့ ရောဂါလက္ခဏာတချို့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် ဒီကုထုံးများရဲ့ အကျိုးသက်ရောက်မှုဖြစ်အောင် စွမ်းဆောင်ပေးတဲ့နည်းလမ်းက ရှင်းရှင်းလင်းလင်းမသိရဘူးလို့ Dr. Lane က ဆိုပါတယ်။

ဥပမာ – ပူစီနံအနံ့ ရှူရှိုက်ခြင်းက များသောအားဖြင့် နှာခေါင်းကတဆင့် အလျင်စလို တိုးဝင်လာတဲ့ လေညင်းနဲ့အတူ ကြည်လင်အေးမြတဲ့ စိတ်ခံစားမှုတစ်ခု ရရှိစေပြီး နှာပေါက် ပိုကျယ်သွားသလို ဖြစ်စေပါတယ်။ လေဟာနယ်ထဲ ရောက်သွားသလိုတောင် ခံစားစေတယ်လို့ Dr. Lane က ရှင်းပြပါတယ်။ နှာပေါက် အမှန်တကယ် ပိုကျယ်ပြန့်သွားစေတဲ့ သက်သေအထောက်အထားမရှိဘူးလို့ သိရပါတယ်။ 

Ref: EasyLifestyle 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.