ချစ်သူကို ၂နာရီတစ်ကြိမ် ချိုချိုတိုက်ဖို့ အလုပ်ထွက်လိုက်တဲ့ အမျိုးသမီး

js_adult-breastfeeding-1-comp.jpg

အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ၃၆ နှစ်အရွယ် ကာယဗလလေ့ကျင့်တဲ့ ချစ်သူကို အချိန်ပြည့် ချိုချိုတိုက်ကျွေးဖို့ အလုပ်ထွက်လိုက်ပါတယ်။ Jennifer Mulford ဆိုသူက Adult Breastfeeding Relationship တစ်ခု ထူထောင်ချင်ကြောင်း၊ ယင်းအစီမံကို အသက် ၃၆ နှစ်အရွယ် သူမရဲ့ ငယ်ချစ်ဦး Brad Leeson ထံ ပြောပြခဲ့ပါတယ်။

သူက သိချင်စူစမ်းချင်စိတ်ပြင်းပြပြီး စိတ်လှုပ်ရှားနေကြောင်း သူ့ရဲ့စကားသံကဆင့် သိနိုင်တယ်လို့ သူမက The Sun ကို ပြောပြခဲ့ပါတယ်။ ဒါဟာ နို့ချိုတိုက်ကျွေးခြင်းကနေသာ ရနိုင်တဲ့ ကြည်နူးဖွယ် သံယောဇဉ်တွယ်တာမှု တစ်ခုဖြစ်ပြီးအချစ်ရေးတစ်ခုကနေ နှစ်ဦးစလုံး လိုချင်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။

Brad ကို ၂ နာရီတစ်ကြိမ် နို့တိုက်ဖို့ သူမ အလုပ်ထွက်လိုက်ပါတယ်။ ဒီအလုပ်ကိစ္စမှန်သမျှ အာရုံစူးစိုက်လုပ်ချင်တာကြောင့် အလုပ်ခဏ နားထားတယ်လို့ သူမက ပြောပါတယ်။ ကာယဗလလေ့ကျင့်သူ တစ်ယောက်ဖြစ်တဲ့ Brad ကတော့ သူတို့ရဲ့ ပုံမှန်နို့ချိုတိုက်ကျွေးခြင်းဖြင့် သူ့ကိုယ်ခန္ဓာကိုယ် ပိုမိုတိုးတက်ကောင်းမွန်ဖို့ မျှော်လင့်နေပါတယ်။

Ref: Metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.