လုပ်ငန်းခွင်မှာ ပိုမိုရယ်မောပေးဖို့ လိုနေတဲ့ အကြောင်းအရင်း (၅)ချက်

1.jpg

လူတစ်ယောက်အတွက်တော့ အများနဲ့ စုပေါင်းလုပ်တဲ့နေရာဟာ အလုပ်ပြီးစီးဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်၊ ဗျာရာခတ်ခြင်း၊ အချိန်တွေ ကြိုတင်တွက်ဆမှုတွေကြောင့် စိတ်ဖိစီးမှုအများဆုံးလို့ ဆိုပါတယ်။ နောက်ပြီး ငြီးငွေ့ဖွယ် ပုံမှန်အလုပ် နေု့စဉ်လုပ်ရတဲ့အခါ ဟာသဥာဏ်ရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကို ရင်ဆိုင်ကျော်လွှားဖို့ ရယ်မောခြင်းက အကောင်းဆုံးကုထုံးများထဲက တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်. . .

 

အလုပ်ပိုတွင်စေတယ်

ပျော်ရွှင်မှု ကင်းမဲ့တဲ့ နေ့ရက်တွေ ငြီးငွေ့စရာကောင်းနိုင်ပါတယ်။ ရုံးအလုပ်ဆို ပိုဆိုးပါတယ်။ ရယ်မောခြင်းက ပျော်ရွှင်မှုဖြစ်စေတဲ့ endorphins ထုတ်ပေးပြီး ငြီးငွေ့ဖွယ် စိတ်ခံချက်ကို ဖယ်ရှားပေးကာ အလုပ်ကို ပိုမိုမြန်ဆန်ကောင်းမွန်စေပါတယ်။

 

အလုပ်ဝန် ပိုပေါ့စေ

ရယ်မောခြင်းက တစ်နေ့တာလုံးကို ပျော်ရွှင်မြူးထူးမှုနဲ့ ရောယှက်ပေးပါတယ်။ ပျော်ရွှင်စွာလုပ်လုပ်ရတဲ့အခါ ဝန်ပေါ့စေပါတယ်။

 

ပိုမိုကောင်းမွန်တဲ့ ဆက်ဆံမှုတွေ တည်ဆောက်ပေး

အတူတူရယ်မော၊ အတူတူလုပ်ကိုင်တဲ့ အဖွဲ့မှာ ပျော်ရွှင်မှု ရှိကြပါတယ်။ လွှတ်လပ်စွာ ပြောဆိုခြင်းက တခြားသူတွေ သင့်ကို ပိုရင်းနှီးချစ်ခင်စေပါတယ်။ ဒါ့ကြောင့် မျက်နှာထားတည်ခြင်း၊ အလုပ်ဝန်ဖိစီးမှုတွေနဲ့ ကင်းဝေးအောင် နေပါ။ ရယ်မောခြင်းက တီထွင်ဖန်တီးနိုင်စွမ်း တိုးပွားစေပြီး ပြောရဲဆိုရဲရှိအောင် အားပေးပါတယ်။

 

အားအင်ပြန်လည်ဖြည့်ဆည်းပေး

တခါတလေမှာ ရယ်မောခြင်းက လိုအပ်နေတဲ့ ဆေးတစ်ခွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ထမင်းစားချိန်နဲ့ အလုပ်ထိုင်လုပ်နေတဲ့ အချိန်ကလွှဲလို့ လုပ်ဖော်ကိုင်ဖက်များနဲ့ စကားပြောဆိုရန် နေရာကနေ ထပြီး ရယ်စရာလေးတွေ ဖန်တီးပါ။

 

အကောင်းဆုံး စိတ်ဖိစီးမှု ပြေပျောက်စေတဲ့အရာတစ်ခု

ရယ်မောခြင်းက အပြုသဘော ဖြစ်ပေါ်စေပြီး နာကျင်မှုနဲ့ ဒေါသကို ပိုသည်းညည်းခံနိုင်စေပါတယ်။ စိတ်ဖိစီးမှုလည်း ပျောက်ကွယ်စေပါတယ်။ ဒါ့ကြောင့် ရယ်မောဖို့ မမေ့ပါနဲ့။

 

Ref:timesofindia.indiatimes

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.