ဖခင်ရဲ့ အသက်အရွယ်နဲ့ ဘဝနေထိုင်မှုပုံစံက သားသမီးအပေါ် သက်ရောက်ပုံ

o-dad-and-kids-facebook.jpg
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ ရွေးချယ်မှုတွေက မွေးလာမယ့် သားသမီးအပေါ် သက်ရောက်မှုရှိတာကို ကြားဖူးကြမှာပါ။ ဒီလိုပါပဲ ဖခင်ရဲ့ အသက်အရွယ်နဲ့ ဘဝနေထိုင်မှုပုံစံတွေကလည်း သားသမီးအပေါ် သက်ရောက်မှု ရှိတာကို မကြာခင်က သုတေသနတစ်ခုနဲ့ သက်သေပြနိုင်ခဲ့ကြပါတယ်။ သားသမီးရဲ့ ခန္ဓာကိုယ်ကြီးထွားမှုနဲ့ မွေးရာပါချို့ယွင်းမှုတွေက ဖခင်ရဲ့အသက်အရွယ်၊ အရက်သေစာ သောက်စားမှုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေနဲ့ ဆက်စပ်မှုရှိတာကို ဂျော့ခ်ျတောင်း တက္ကသိုလ် ဆေးဘက်ဆိုင်ရာ စင်တာက သုတေသီတွေက ပြောကြားခဲ့ပါတယ်။
 
မိခင်တစ်ယောက်ရဲ့ အာဟာရ၊ ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက သန္ဓေသားရဲ့ အင်္ဂါတည်ဆောက်ပုံ၊ ဆဲလ်တည်ဆောက်ပုံတွေနဲ့ မျိုးဗီဇပုံစံတွေကို အပြည့်အဝပြောင်းလဲစေနိုင်သလို ဖခင်ရဲ့ အသက်အရွယ်နဲ့ ဘဝနေထိုင်မှုပုံစံကလည်း သားသမီးရဲ့ မျိုးဗီဇကို ထိန်းချုပ်တဲ့ မော်လီကျူးတွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။
 
ဖခင်ရဲ့အသက်အရွယ်ကြီးမြင့်မှုက သားသမီးတွေမှာ စိတ်ကစဥ့်ကလျားရောဂါ၊ အထီးကျန်ရောဂါနဲ့ မွေးရာပါချို့ယွင်းချက်တွေကို ပိုပြီးဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဖခင်က လူပျိုပေါက်အရွယ်မှာ အစားအသောက်အကန့်အသတ်နဲ့ စားသောက်ခဲ့ရင် သားသမီးနဲ့ မြေးတွေမှာ နှလုံးသွေးကြောပိတ်ရောဂါကြောင့် သေဆုံးနိုင်ချေကို လျော့နည်းစေပါတယ်။
 
ဖခင်ဖြစ်သူမှာ အဝလွန်ရောဂါရှိပါက သားသမီးရဲ့ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှု၊ ဆီးချိုရောဂါနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု စတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဖိအားတွေက သားသမီးရဲ့ အပြုအမူဆိုင်ရာ ချို့ယွင်းမှုတွေကို ဖြစ်စေနိုင်သလို အရက်သေစာသောက်စားတတ်တဲ့ ဖခင်ဖြစ်ရင် မွေးကာစသားသမီးရဲ့ ကိုယ်အလေးချိန်၊ ဦးနှောက် အရွယ်အစားတို့ကို လျော့နည်းစေပြီး အသိဥာဏ်ပညာချို့ယွင်းမှုတို့ကို ဖြစ်စေနိုင်ပါတယ်။
 
Ref:timesofindia.indiatimes
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.