ကျန်းမာရေးနဲ့ အသင့်တော်ဆုံး ပန်းဂေါ်ဖီစိမ်း ချက်ပြုတ်ပြင်ဆင်မှုစုံစံ

which-is-the-healthiest-way-for-preparation-of-broccoli.jpg

ပန်းဂေါ်ဖီစိမ်းက ခုချိန်ထိတိုင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံပါတ်တစ် ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ ဒါပေမယ့် သေချာပြင်ဆင်ချက်ပြုတ်မှသာ ဖြစ်တာပါ။ ပြင်ဆင်ချက်ပြုတ်နေကျပုံစံတဲ့ ရေနွေးဖြင့်ပြုတ်တဲ့ပုံစံဟာ ဗီတာမင်-စီ၊ ဘီ စတဲ့ ဗီတာမင်တွေ ဆုံးရှုံးစေပါတယ်။ ပန်းဂေါ်ဖီစိမ်း ပြုတ်ခြင်းကနေ အာဟာရ ပျက်စီးတာဟာ သူ့အလိုအလျောက် ဗီတာမင်ဓာတ်ပျက်စီးရှုံးခြင်းထက် ပိုမိုနက်ရှိုင်းကြောင်း နောက်ဆုံးသုတေသနပြုချက်က ဖော်ပြထားပါတယ်။ ဒီပြင်ဆင်ချက်ပြုတ်နည်းက အဆုတ်နဲ့ အူမကြီးကင်ဆာအန္တရာယ် လျော့နည်းစေရာမှာ အခန်းဏ္ဍတစ်ခုမှာ ပါဝင်တဲ့ glucosinolates ခေါ် ဒြပ်ပေါင်းတွေ စုပ်ယူဖို့ ခန္ဓာကိုယ်ကို တားဆီးပေးပါတယ်။

မကြာသေးမီကလေ့လာမှုမှာ သုတေသီတွေ ပန်းဂေါ်ဖီစိမ်းစားသုံးသူတွေရဲ့ glucosinolates ပမာဏကို နှိုင်းယှဉ်ခဲ့ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် စားသုံးတဲ့ စမ်းသပ်ခံသူတွေမှာ သဘာဝကို တုပပြုလုပ်ထားတဲ့ အရာတွေ စားသုံးသူများထက် သွေးအတွင်း glucosinolates ၈ဆပိုများကြပါတယ်။

အင်ဇိုင်းပမာဏလျော့ကျစေတာကြောင့် ပန်းဂေါ်ဖီစိမ်းကို အချိန်ကြာမြင့်စွာပြုတ်ခြင်း အားမပေးပါဘူး။ ပန်းဂေါ်ဖီစိမ်းကို ရေနွေးဖြင့်သာ ချက်ပြုတ်ပြင်ဆင်သင့်ကြောင်း အကြံပြုထားပါတယ်။ နောက်ပြီး အစိမ်းတိုင်းလည်း စားသုံးနိုင်ပါတယ်။ ဒါပေမယ့် ပမာဏအနည်းငယ်သာ သုံးဆောင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ များစွာစားသုံးပါက လေပွခြင်းနဲ့ အဆင်မပြေဖြစ်စေတဲ့ ဂက်စ်တွေ ဖြစ်ပေါ်စေပါတယ်။ 

Ref: NHC

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.