MDMA ပါဝင်တဲ့ Ecstasy ဆိုတဲ့ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး လူငယ်တွေ သိထားသင့်တဲ့ အမေးအဖြေ (၁၀) ခု

extacy.jpg
ပြီးခဲ့တဲ့ အပတ်တုန်းက သြစတြေးလျနိုင်ငံ မှာကျင်းပခဲ့တဲ့ Stereosonic ဂီတပွဲတော် နေ့ရက်တွေ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှု ၂ ခု နဲ့ ပတ်သက်ပြီးတော့ ဆစ်ဒနေမြို့မှာရှိတဲ့ စိန့်ဗင်းဆင့် ဆေးရုံ ၊ အရက်နဲ့မူးယစ်ဆေးဝါး ၀န်ဆောင်မှု ဌာနဲ့ ညွှန်ကြားရေးမှုး တစ်ယောက်ဖြစ်ပြီး ရူပဗေဒ ပညာရှင် တစ်ယောက်လည်း ဖြစ်တဲ့ Alex Wodak နဲ့ NSW Users & Association(NUAA) သတင်းဌာန ရဲ့  အယ်ဒီတာ Gideon Warhaft တို့ ပူးပေါင်းကာ The Guardian သတင်းစာ ထဲမှာ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။  အဲဒီ ဆောင်းပါး ထဲမှာတော့ သူတို့ဟာ MDMA ဆိုတဲ့ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အမြင်တွေကို ဖယ်ရှားဖို့အတွက် ကြိုးစားထားတာကိုတွေ့ရပါတယ်။
 
သူတို့ဟာ လူတွေ မေးမြန်းမှု အများဆုံး မေးခွန်းတွေကို ၁၀ ခု ခန့် စုစည်းပြီး လိုရင်းတိုရင်း နဲ့ သိပ္ပံပညာ အချက်အလက်တွေအရ ပြန်လည် ဖြေကြားကြခဲ့ပါတယ်။ သူတို့ ဖြေကြားပေးခဲ့တာတွေကတော့ MDMA မူးယစ်ဆေးဝါးရဲ့  လုံခြုံမှု ၊ ပုံမှန်လည်ပတ်နေမှု နဲ့ သြစတြေးလျနိုင်ငံရဲ့  MDMA မူးယစ်ဆေးဝါး အနာဂါတ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ အဲဒီ အမေးအဖြေ ၁၀ ခု ကတော့ 
 
၁. ဘာကြောင့် လူငယ်တွေဟာ Ecstasy လိုမျိုး မူးယစ်ဆေးဝါးတွေကို သုံးစွဲနေကြတာလဲ။
လူငယ် အများစုအတွက်တော့ Ecstasy မှီဝဲ သုံးစွဲခြင်းဟာ ပျော်ဖို့ကောင်းတဲ့ အတွေ့အကြုံတစ်ခုပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ကခုန်ရတဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဂီတ ပွဲတော် တွေမှာပေါ့။ ဒီလူငယ်တွေ လက်ခံထားတာက Ecstasy ဟာ ယမကာလိုမျိုး လူမှုရေးနဲ့ သင့်တော်တဲ့ မူးယစ်ဆေးဝါးတွေ အားလုံးထက် ပိုမိုကောင်းမွန်ပြီး သက်တောင့်သက်သာ ရှိစေတယ် ဆိုတာပဲ။ အရက်သောက်ခြင်းက ဒေါသထွက်ခြင်း နဲ့ လူမှုရေးကို ဆန့်ကျင်တဲ့ အကျင့်ဆိုးတွေ ဖြစ်ပေါ်လာစေနိုင်တဲ့အချိန်မှာ Ecstasy ကတော့ အကြမ်းဖက်မှု တစ်စုံတစ်ရာ ပတ်သက်နေခြင်း မရှိတာကြောင့်လည်း ပါပါတယ်။
 
၂။ Ecstasy ဆိုတာဘာလဲ။
လူအများစုဟာ MDMA ကို မှီဝဲဖို့အတွက် Ecstasy တွေ ၀ယ်သုံးကြတယ်။ MDMA ဆိုတာ မရှိတာတွေကို ရှိအောင်ထင်လာစေတဲ့ သက်ရောက်မှုမျိုးရှိပြီး လှုံ့ဆော်မှုတွေကို အားနည်းသွားစေတယ် စိတ္တဗေဒဆိုင်ရာ မူးယစ်ဆေးဝါးတစ်မျိုးပါ။ MDMA ကို ၁၉၇၀ခုနှစ် ၀န်းကျင်ကာလတွေနဲ့ ၁၉၈၀ ၀န်းကျင်ကာလတွေ တုန်းကတော့ စိတ်ပညာ ကုထုံး တွေအတွက် အားဖြည့်ပစ္စည်း တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပေမယ့် နောက်ပိုင်းမှာ တော့ MDMA ကို ပြန်လည် ဆန်းသစ် ပြီး မူးယစ်ဆေးဝါးတွေအဖြစ် အသုံးပြုလာ ကြတဲ့နောက်မှာတော့ အန္တရာယ်ရှိတဲ့ အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
 
၃။ MDMA ဆိုတာ တကယ် အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးလား။
မူးယစ်ဆေးဝါး သုံးမယ်ဆိုရင်တော့ ထိခိုက်မှု ရှိနိုင်မှာပါပဲ။ သန့်စင်တဲ့ MDMA ဆိုဟာ အန္တရာယ် အနည်းဆုံး မူးယစ်ဆေးဝါး လို့ သိထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမူးယစ်ဆေးဝါးဟာ အရက် ၊ ဆေးရွက်ကြီးနဲ့ ဆေးခြောက်တို့ထက်တော့ အန္တရာယ် နည်းပါတယ်။ MDMA ဟာ စွဲလန်းတဲ့အကျင့် ဖြစ်ပေါ်လာဖို့ ခဲယဉ်းပါတယ်။ လူတွေ MDMA ကို သုံးစွဲကြတယ်ဆိုတာလည်း ကခုန်ဖို့နဲ့ ပါတီပေးဖို့ပါ။ MDMA ကြောင့် သေဆုံးမှုတွေ ဖြစ်လာတာတော့ မှန်ပါတယ်။ ဒါပေမယ့် သြစတြေးလျ မှာ နှစ်စဉ်ဖြစ်ပွားနေတဲ့ အခြား မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုတွေနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော် နည်းပါးပါတယ်။ ခွဲခြားသိမြင်ခြင်း ကျွမ်းကျင်သူ ပရော်ဖက်ဆာ ဒေါက်တာ ဒေးဗစ်နတ် ကလည်း ၂၀၀၉ ခုနှစ်တုန်းက ဗြိတိန်နိုင်ငံက သေဆုံးမှုတွေထဲမှာ Ecstasy ကြောင့် သေဆုံးမှုထက် မြင်းစီးပြီး မတော်တဆမှု ဖြစ် သေဆုံးမှုတွေက ပိုမို များပြားတယ်ဆိုတာကို ထုတ်ဖော် ပြောခဲ့ဖူးပါတယ်။
 
၎။ ဒါပေမယ့် ဒီနှစ် ဆစ်ဒနေ မြို့မှာ Ecstasy သုံးစွဲပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒါဆို MDMA ကို ဘေးကင်းတဲ့ မူးယစ်ဆေးဝါး တစ်မျိုးအဖြစ် ဘယ်လိုသတ်မှတ်နိုင်မလဲ။
လူတွေ သေဆုံးတာနဲ့ ပတ်သက်ပြီး သူတို့ သိခဲ့တာ ၊ သူတို့ ထင်ခဲ့တာက MDMA သုံးစွဲလို့ ဖြစ်တယ် ဆိုတာပါပဲ။ ဒါပေမယ့် အဲဒါတွေက MDMA ဟုတ်ရဲ့ လား။ ဘာကြောင့်လဲဆိုတော့ MDMA ဟာ တရားဝင် ၀ယ်လို့ မရပါဘူး ၊ မှောင်ခိုဈေးကွက်ဟာ အဲဒီ မူးယစ်ဆေးဝါးတွေကို အရည်အသွေးထိန်းချုပ်မှု ၊ စမ်းသပ်စစ်ဆေးမှုမရှိပဲ ထုတ်လုပ်နေကြတာသာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ MDMA နဲ့ ကွဲပြားပြီး အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေဟာ ရောင်းကုန်တွေထဲမှာ ပါလာတတ်ပါတယ်။ အဲဒီ အဆိပ်အတောက် မူးယစ်ဆေးဝါး တွေဟာ တစ်ကယ်ကို အန္တရာယ်ရှိပါတယ်။
 
၅။ MDMA လို့ ဆိုနိုင်တဲ့ ဆေးတွေကို သုံးတဲ့လူတွေဟာ မသုံးရတော့တဲ့အခါမှာ “ရူးသွပ်” သွားကြပါသလား။
မရူးသွပ်ပါဘူး။ Ecstasy သုံးစွဲတဲ့သူတွေဟာ မိုက်မဲတဲ့ စွန့်စားမှုတွေကို မလုပ်ကြပါဘူး။ ဒါပေမယ့် လမ်းပေါ်မှာ ရောင်းချနေတဲ့ Ecstasy တွေ သုံးစွဲမိတဲ့အခါမှာတော့ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်နိုင်ချေ နည်းနည်း ရှိလာပါတယ်။သို့သော်ငြားလည်း အဲဒါဟာ မှောင်ခို ဈေးကွက်ထဲက ကုန်ပစ္စည်းကို ၀ယ်ယူသုံးစွဲမိခြင်းရဲ့  အကျိုးဆက်ပါ။ သြစတြေးလျ နိုင်ငံမှာလည်း နှစ်စဉ် Ecstasy ကြောင့်သေဆုံးမှုများစွာ ရှိနေသလိုပဲ အပတ်စဉ် လည်း သြစတြေးလျနိုင်ငံသား ပေါင်းမြောက်များစွာကလည်း အဲဒီမူးယစ်ဆေးဝါးကို သုံးစွဲနေကြတုန်းပါပဲ။ လူတွေ အများကြီး Ecstasy ကို သုံးစွဲနေကြတဲ့ အကြောင်းပြချက်ကတော့ သူတို့ဟာ သူတို့ရဲ့  ကိုယ်ပိုင် အတွေ့အကြုံတွေရှိကြတယ် ၊ ပြီးတော့ သူတို့ဟာ ပျော်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုရလာဖို့ အခွင့်အရေးများပြီး ဆေးရုံရောက်ဖို့ ၊ သေဖို့ တော့ အခွင့်အရေးနည်းတယ်ဆိုတာကို လက်ခံထားကြလို့ပါပဲ။ အစိုး ရဟာ လူတွေကို Ecstasy သုံးစွဲခြင်းကနေ ရပ်တန့်လိုက်နိုင်မယ့် အခွင့်အရေးလည်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကားတိုက်မှုတွေထက်တောင် သေဆုံးမှုနည်းပါးစေတဲ့ Ecstasy ကို တားမြစ်မယ့်အစား လူတွေကားမောင်းနေတာကို သူတို့ အရင်တားမြစ် ရပါလိမ့်မယ်။
 
၆။ ဝေဖန်ရေးသမားတစ်ချို့ကလည်း “ယဉ်ကျေးမှု အပြောင်းအလဲ တစ်ခု” ကိုလက်ခံကြပါတယ်။ ဒါဆို Ecstasy သုံးစွဲခြင်းဟာ လက်ရှိ ဖြစ်ပွားနေတဲ့ သေဆုံးမှုမြင့်တက်လာခြင်း အတွက် အဖြေတစ်ခုကို ထုတ်ပေးပြီး ရပ်တန့်သွားမှာလား။
မရပ်သွားပါဘူး။ Ecstasy ဟာ ဒီတိုင်းပဲ ရှိနေမှာပါ။ လူတွေဟာ အရက် ဆက်သောက်နေကြသလိုပဲ Ecstasy လို မူးယစ်ဆေးဝါးတွေကို ဆက်လက် သုံးစွဲနေကြဦးမှာပါ။ ကျွန်တော်တို့မှာ လူတွေ ကို ဒီမူးယစ်ဆေးဝါးကို တောင်မှ စည်းနဲ့ကမ်းနဲ့ သုံးစွဲလာအောင် ၊ အန္တရာယ်များတဲ့ အမူအကျင့်တွေနဲ့ ဝေးကွာလာအောင် တိုက်တွန်း နိုင်မယ့် အခွင့်အရေးတွေ ပိုရလာမှာပါ။  အကယ်၍ သြစတြေးလျနိုင်ငံသားတွေဟာ သူတို့ နိုင်ငံကို စကာင်္ပူလို ရဲတပ်ဖွဲ့ ဒေသ တစ်ခု ဖြစ်လာစေချင်တယ်ဆိုရင်တော့ Ecstasy သုံးစွဲမှု ရပ်သွားပါလိမ့်မယ်။ ပြောချင်တာက ၀ယ်လိုအား ရှိနေသရွေ့တော့ ရောင်းလိုအား က ရှိနေဦးမှာပါ။
 
၇။ ဆေးလိပ်သောက်ခြင်းကျတော့ရော။ ယဉ်ကျေးမှု အပြောင်းအလဲကို လက်ခံတဲ့ လူတစ်ချို့တော့ တစ်ခါမှ မသောက်ဖူးခဲ့တဲ့ ဆေးလိပ်ကို သောက်လာကြပြီမလား ။
ဟုတ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာ ရှာဖွေတွေ့ရှိမှု သက်သေတွေအရတော့ ဆေးလိပ်ဟာ တစ်ကယ်ကို အန္တရာယ်ရှိပါတယ်။ ရုရှားနိုင်ငံရဲ့  ထုတ်ပြန်ချက်တစ်ခုမှာလည်း ၅၀ ရာခိုင်နှုန်းသော ဆေးလိပ် သောက်သုံးသူ တွေဟာ ဆေးရွက်ကြီးနဲ့ ဆက်စပ်နေတဲ့ ဖျားနာမှုတွေကြောင့် သေဆုံးသွားတယ်ဆိုတာ ရှိခဲ့ပါတယ်။ ပြီးတော့ နီကိုတင်း ဟာ MDMA ထက် စွဲလန်းတဲ့အကျင့် ပိုမို ဖြစ်ပေါ်စေနိုင်ပါတယ်။ 
 
၈။ အကယ်၍ MDMA သာ အန္တရာယ်မရှိဘူးလို့ ဆိုနိုင်မယ်ဆိုရင် ကျွန်တော်တို့တွေဟာ ဘာကြောင့် အဲဒါကို အခြား အသုံးဝင်မယ့် အရာတစ်ခုခု အဖြစ် သုံးနိုင်ဖို့ မရှာဖွေကြသေးတာလည်း။
ဟုတ်ပါတယ်။ MDMA ဟာ လူတွေခံစားမှုဆိုင်ရာ စိတ်ဖိစီးမှု ရောဂါတွေကို ကုသ ရာမှာ အသုံးဝင်တယ်ဆိုတဲ့ သက်သေ တစ်ချို့ ရှိပါတယ်။ လက်ရှိမှာလည်း အမေရိကန် ပြည်ထောင်စု ဟာ အီရိတ် နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေတုန်းက ခံစားမှုဆိုင်ရာ စိတ်ဖိစီးခြင်း ရောဂါ ရရှိလာတဲ့ စစ်သား အချို့ကို MDMA နဲ့ ကုသပေးနေပါတယ်။ MDMA နဲ့ ပတ်သက်ပြီး ဆေးပညာဆိုင်ရာ သုတေသန လုပ်ဖို့အတွက်တော့ အခုချိန်ထိ တရားဝင် ခွင့်ပြုချက် မရနိုင်သေးပါဘူး။
 
၉။ ဒါဆိုကျွန်တော်တို့ဘာလို့ MDMA ထုတ်လုပ်မှုကို စည်းကမ်းတင်းကျပ်မှု လုပ်ပြီး နိုက်ကလပ်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ တရားဝင် ဖြန့်ချိဖို့ မလုပ်သေးတာလဲ။
သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ မဲလ်ဘုန်း တက္ကသိုလ်က လက်ထောက် အဓိပတိ ဟောင်း ပရော်ဖက်ဆာ ဒေးဗစ် ပီနင်းတန် ကလည်း ၂၀၁၂ ခုနှစ်တုန်းက MDMA ကို စည်းကမ်းတင်းကျပ်ဖို့ ပြောခဲ့ဖူးပါတယ်။ တစ်ဖက်မှာလည်း အာဏာပိုင်တွေက MDMA ဟာ မှောင်ခိုဈေးကွက်က ထုတ်လုပ်ပြီး ဖြန့်ချီတဲ့အတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ ငြင်းခုန်မှုတွေနဲ့ Ecstasy ကို မထိရောက်တဲ့ သတ်မှတ်ချက်တွေပေးနေဆဲပါပဲ။ နောက်ထပ် တစ်ဖက်မှာကလည်း MDMA ထုတ်လုပ်ဖြန့်ချိနေမှုကို စည်းကမ်းတင်းကျပ်ဖို့ သဘောတူ လက်ခံမှုတွေ ရှိပေမယ့် အဲဒီ အာဏာပိုင်တွေကပဲ အရက်နဲ့ ဆေးရွက်ကြီးကလွဲပြီး မူးယစ်ဆေးဝါးတိုင်းကို အန္တရာယ်ရှိတယ်လို့ ငြင်းခုန်ရင်းနဲ့ ခေါင်းမာနေကြတုန်းပါ။
 
၁၀။ ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်သင့်သလဲ။
သြစတြေးလျ နိုင်ငံ အနေနဲ့ လူငယ်ဂီတ ပျော်ပွဲရွှင်ပွဲတွေမှာ အနံ့ခံခွေးတွေ သုံးပြီး အစအန မကျန် လိုက်စစ်ဆေးနေမယ့်အစား ဥရောပ နိုင်ငံတွေရဲ့  လမ်းစဉ်ကို ကျင့်သုံးသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု နဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ခွင့်ပေးပြီး ကောင်းကျိုးတွေနဲ့ ကုန်ကျစရိတ် တွေကို အကဲဖြတ်သင့်ပါတယ်။ ဒါဟာ ပြဿနာတိုင်းကို မဖြေရှင်းပေးနိုင်ပေမယ့် အတိုင်းအတာ တစ်ခုအထိတော့ လျော့ကျသွားစေမှာပါ။
 
Ref:youredm
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.