ကဗျာဘွဲ့မှူးနဲ့ ခင်ပွန်းဖြစ်သူကို ဂီတအနုပညာရှင်တွေထံမှ လှည့်စားရယူထားသည့် ငွေကျပ်သိန်းတစ်သောင်းကျော် ပြန်လည်ပေးအပ်ဖို့ အနုပညာရှင်များစုပေါင်းတောင်းဆို

capture.png

ဂီတလောကမှာ ရှေ့ရက်တွေက ဂယက်ထခဲ့တဲ့ တေးသံရှင် ကဗျာဘွဲ့မှူးနဲ့ ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင် ( ZTH စက်သုံးဆီလုပ်ငန်း ) တို့က ဂီတအနုပညာရှင်တွေထံကနေ ငွေကျပ်သိန်းတစ်သောင်းကျော် ရယူထားတဲ့ကိစ္စကို ပြန်လည်ပေးအပ်သွားဖို့အတွက် ဂီတအနုပညာရှင်များက စုပေါင်းကာ ပွဲတစ်ခုကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။ ခုလို ငွေကျပ်သိန်းတစ်သောင်းကျော်ကို  ပြန်လည်ပေးအပ်ဖို့အတွက်  ဂီတအနုပညာရှင်တွေက ရှင်းလင်းတောင်းဆိုခြင်းအခမ်းအနားကို ဇွန်လ ၈ ရက်က Orchid Hotel မှာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ငွေသိန်းပေါင်းများစွာ လှည့်စားခံလိုက်ရတဲ့ အနုပညာရှင် အဆိုတော် မေခလာ၊ ကော်နီ၊ ဆုန်သင်းပါရ်၊ ကဗျာဘွဲ့မှူးဧ။် မောင်ဖြစ်သူ အာဗြဲ ဧ။် ဇနီး ၊ ဘိုဖြူဧ။် ဇနီး၊ ချစ်စမ်းမောင် နှင့် အဆိုတော် စင်ဒီအပြင် အခြားအနုပညာရှင်များစွာလည်း တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံး အဆိုတော်မေခလာက "ဒီပွဲလေးကဂီတအနုပညာရှင်တွေ ရင်ဖွင့်တဲ့ပွဲလေးပါ။ အမှန်တရားကိုဖော်ထုတ်တဲ့ပွဲလို့လဲပြောလို့ရပါတယ်။ ကဗျာဘွဲ့မှူးတို့ဇနီးမောင်နှံကချစ်ငယ်တို့အရမ်းချစ်ခင်ရတဲ့ကလေးတွေပါ။ ရင်းနှီးမှုကိုအကြောင်းပြုပြီး အခုလိုလုပ်သွားတယ်လို့ပြောလို့ရပါတယ်။ ယုံကြည်မှုနဲ့အလုပ်လုပ်ကြတဲ့အပေါ်မှာ အခုလိုလုပ်သွားတာပါ။ သူတို့အရမ်းလဲချမ်းသာကြပါတယ်။ သူတို့ရဲ့ဝင်ငွေ နှစ်ရက်သုံးရက်စာလောက်နဲ့အခုအဆိုတော်တွေပါသွားတဲ့ပိုက်ဆံကို ပြန်ဖြေရှင်းလို့ရပါတယ်။ အခုပြောရတာက အနုပညာသမားအချင်းချင်း ဒီလိုမလုပ်သင့်ဘူးထင်လို့ရင်ဖွင့်ရတာပါ။ ချစ်ငယ်တို့အားလုံးကို လာပြောတဲ့အချိန်မှာ ချစ်ငယ်တို့သီချင်းဆိုနေမဲ့အစား စီးပွားရေးလုပ်ငန်းလေးလုပ်ပါလားဆိုပြီးပြောခဲ့တာပါ။ ZTH ဆီဆိုင်ကို ရှယ်ယာဝင်ကြပါဆိုပြီးပြောခဲ့တာပါ။ တချို့ကိုလဲ ရှယ်ယာတစ်စု သိန်း၅၀၀ဆိုပြီးပြောခဲ့တယ်။ တချို့ကိုလဲရှယ်ယာတစ်စုသိန်း၂၀၀လို့ပြောပြီးယူခဲ့ပါတယ်။ ပြီးတော့ အမြတ်ဝေစုလဲတစ်ခါမှမရခဲ့ဖူးပါဘူး။ ပေးထားတဲ့ငွေတွေကိုတတ်နိုင်သမျှပြန်လည်ပေးအပ်ဖို့ကိုပဲအနုပညာရှင်တွေကအကြိမ်ကြိမ်အခါခါတောင်းဆိုခဲ့ပါတယ်။ အခက်အခဲဖြစ်နေလို့ပိုက်ဆံတွေမပေးသေးရင်တောင် လူထွက်ပြပါ။ အကြောင်းအရင်းကိုရှင်းပြပါဆိုပြီးတောင်းဆိုခဲ့ပါတယ်။ အခုတော့ဖုန်းတွေပိတ်ထားပါတယ်။ ပတ်သက်တဲ့အသိုင်းအ၀ိုင်းတွေကလဲရိုင်းရိုင်းစိုင်းစိုင်းတုံ့ပြန်ကြလို့အခုလိုရှင်းလင်းပွဲလေးလုပ်လိုက်ရတာပါ။ သူတို့အမှားလုပ်တာသိပေမဲ့ အနုပညာသမားချင်းဖြစ်နေလို့ချစ်ငယ်တို့အားလုံးစောင့်ထိန်းခဲ့ပါတယ်။ အခုတော့သူ့အမျိုးသားကလဲ မပတ်သက်ပါဘူးဆိုပြီး ထုတ်ပြန်လာလို့အမှန်တရားဖက်ကလူတွေကအမှားဖြစ်နေမှာစိုးလို့ပြန်လည်ရှင်းလင်းတင်ပြတာပါ။"လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီလှည့်စားမှုမှာ ငွေသိန်းတစ်ထောင့်သုံးရာပေးအပ်ထားတယ်လို့ သိရတဲ့ အဆိုတော် ဆုန်သင်းပါရ်ကလဲ ‘ မကဗျာဆိုတာ ကိုယ့်အစ်မအရင်းလိုလေးစားချစ်ခင်ရတဲ့အစ်မပါ။ ပိုက်ဆံပါသွားတာထက်စာရင် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ကကိုယ့်ယုံကြည်မှုကိုအလွဲသုံးစားလုပ်လို့အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ဆုန်သင်းတို့ပိုက်ဆံတွေ အားလုံးက စီးပွားရေးလုပ်ပြီးရထားတဲ့ပိုက်ဆံတွေမဟုတ်ပါဘူး။ သီချင်းဆိုပြီးရလာတဲ့သန့်ရှင်းတဲ့ပိုက်ဆံတွေဖြစ်ပါတယ်။ ပထမတော့သူ့နာမည်တောင်သိက္ခာကျမှာစိုးလို့မပြောခဲ့ပါဘူး။ ဒီပိုက်ဆံကလဲယုံကြည်စွာနဲ့ပေးအပ်ခဲ့တာပါ"လို့ ဆိုသွားပါတယ်။ 

တေးသံရှင် ကော်နီကတော့ ခံစားချက်တွေ ဆို့နင့်ပြီး စိတ်မကောင်းလွန်းတာကြောင့် အဲ့ဒီပွဲမှာတင် မျက်ရည်ကျနေတာ တွေ့ခဲ့ရပါတယ်။ ကဗျာဘွဲ့မှူးရဲ့ မောင်ဖြစ်သူ အာဗြဲကလည်း ပါသွားတဲ့သိန်း တစ်သောင်းကျော်ထဲမှာ သူတို့ရဲ့ငွေ ၂၅၀၀ကျော် ပါဝင်တယ်လို့ သိရပါတယ်။ ခုလိုတွေ ဖြစ်နေခဲ့တာ သင်္ကြန်မတိုင်ခင်ကတည်းက လို့လည်း အနုပညာရှင်တွေထံကနေ သိခဲ့ရပါတယ်။ သူတို့အားလုံးကတော့ ကဗျာဘွဲ့မှူးကို ထောင်ထဲထည့်ဖို့ အစီအစဉ်မရှိပေမယ့် လူလုံးထွက်ပြပြီး အကျိုးအကြောင်း ဖြေရှင်းပေးစေချင်ကြတာပါတဲ့။ ပိုက်ဆံတွေ ပေးစဉ်အခါတုန်းကတော့ စာချုပ်နဲ့ပေးထားတာဖြစ်ပြီး ကဗျာဘွဲ့မှူးအမျိုးသားရဲ့ ဆီဆိုင်ကို အစုရှယ်ယာဝင်တဲ့အနေနဲ့သာ ဖြစ်ပါတယ်လို့ ဖွင့်ဟသွားကြပါတယ်။ စာချုပ်အရဆို အနုပညာရှင်တွေဟာ ငွေသုံးဆပြန်ရမှာဖြစ်ပေမယ့် သူတို့ငွေကိုသာ ပြန်လိုချင်ကြရုံဖြစ်ကြောင်း မေခလာနဲ့ ဆုန်သင်းပါရ်ကနေ ဖွင့်ဟသွားပါတယ်။

ဒါ့အပြင် ခုလို လှည့်စားခံလိုက်ရတဲ့ တေးသံရှင်တွေ အားလုံးစုပေါင်းလက်မှတ်ထိုးပြီး တေးသံရှင်ကဗျာဘွဲ့မှူးနှင့်ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင် ( ZTH စက်သုံးဆီလုပ်ငန်း ) ခုလို လုပ်ဆောင်သွားခြင်းအပေါ် ညှိနှိုင်းဖြေရှင်းပေးပါဖို့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တာဝန်ရှိသူတွေထံ တင်ပြသွားဦးမှာပဲ ဖြစ်ပါတယ်။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.