စမတ်ဖုန်းကို အဏုကြည့်မှန်ပြောင်းအဖြစ် အသုံးပြုနိုင်တာ သိပြီးပြီလား

micro-phone-lens-1.jpg

စမတ်ဖုန်းတွေဟာ ၄င်းတို့ရဲ့ မျှော်လင့်မထားတဲ့ apps တွေနဲ့ သုံးစွဲသူတွေကို အမြဲစွဲဆောင်လျက်ရှိပါတယ်။ အစကနဦးမှာ မိုဘိုင်းဖုန်းဟာ လူတွေ ဆက်သွယ်စကားပြောဆိုခြင်း ရည်ရွယ်ချက်တစ်ခုတည်းအတွက်သာ အသုံးပြုပါတယ်။ နောက်ပိုင်း နည်းပညာတိုးတက်မြင့်မားလာမှုတွေကြောင့် မိုဘိုင်းဖုန်းကို camera၊ music player နဲ့ e-book reader တွေအဖြစ် အသုံးပြုလာကြပါတယ်။

ဒါတွေအားလုံး သင်သိထားပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စမတ်ဖုန်းကို အဏုကြည့်မှန်ပြောင်းအဖြစ် အသုံးနိုင်တာကြားမိလို့ အံ့သြပါလိမ့်မယ်။ လိုအပ်တာဆိုလို့ မှန်ဘီလူးနနဲ့ ကြားဆက်ကိရိယာ adapter လေးသာ ဖြစ်ပါတယ်။ တပ်ဆင်နည်းအဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အနီးကြည့်မှန်ဘီလူး ရအောင်ရှာပြီး ကြားဆက်ကိရိယာ lens holder ပေါ် ဘယ်ကော်နဲ့ဖြစ်ဖြစ် ကပ်ပေးပါ။ ဒီမှန်ဘီလူးကို သင့်စမတ်ဖုန်း ကင်မရာမှန်ဘီလူးအပေါ်ဘက် ဇောင်းပေးပါ။ အလိုင်းမင့်မှန်အောင် သေချိန်ပြီးနောက် အဲဒီမှန်ဘီလူးကို lens holder ရဲ့အနားတစ်ဝိုက်မှာ ဆယ်လိုလာတိပ်နဲ့ ကပ်ပါ။ ဒီလိုပြုပြင်တပ်ဆင်မှုက image stabilization ဖွင့်ထားတဲ့အချိန်မှာ ပိုအဆင်ပြေပါလိမ့်မယ်။

ဒါလေးဖြင့် အရာဝတ္ထုတွေ ကြည့်ရင် သင်အံ့သြသွားပါလိမ့်မယ်။ အကြီးချဲ့တာကျတော့ သင့်စမတ်ဖုန်းအတွင်း နဂိုရှိတဲ့ optics ပေါ်မူတည်ပါတယ်။ 

Ref: alltechbuzz

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.