မျက်လုံးအောက်ဘက်ကို ကွန်ဆီလာ လိမ်းတဲ့အခါ ဘယ်တော့မှ မပြုလုပ်သင့်တဲ့ အရာ

concealer.jpg

မျက်လုံးအောက်ဘက်တွေ ညိုနေလို့၊ ဒါမှမဟုတ် မျက်တွင်းတွေကျနေလို့ အကြောင်းအမျိုးမျိုးကြောင့် undereye concealer လိမ်းတတ်ကြပါတယ်။ လိမ်းပြီးသွားတဲ့အခါ ကြည့်ရတာ တော်တော်လေး အဆင်ပြေပြီး အားအင်ပြည့်နေတဲ့ မျက်နှာ ပုံသဏ္ဍာန်မျိုး ဖြစ်သွားစေတာမို့ ပျိုမေတွေအတွက်တော့ concealer က မရှိမဖြစ်ပါပဲ။ ဒါပေမယ့် ပျိုမေတွေ အများစုကတော့ ကွန်ဆီလာကို လက်ကလေးနဲ့ယူပြီး မျက်လုံးအောက်နားလေးမှာ အစက်ချကာ လိမ်းတတ်တဲ့ အမှားတစ်ခုကို အမြဲ မြင်တွေ့နေရပါတယ်။ ဒါဟာ လုံးဝမလုပ်သင့်တဲ့ အရာပါ။ ဘာကြောင့်များလဲ။

သင်ဟာ လက်ချောင်းတွေကို အသုံးပြုပြီး ကွန်ဆီလာ မသုံးခင် မျက်နှာခြယ်သတဲ့အပိုင်းမှာ တောတော်လေး အသုံးပြုခဲ့ပြီးပါပြီ။ ဒါ့အပြင် ကွန်ဆီလာ လိမ်းတော့မယ်ဆိုမှ လက်ကိုသီးသန့်ထပ်သွားဆေးတာမျိုးလည်း ဘယ်သူမှ မလုပ်ကြပါဘူး။ ဒီတော့ သင့်လက်မှာ ဘက်တီးရီးယားတွေဟာ ကပ်ငြိနေပြီး ဖြစ်ပါတယ်။ အဲ့ဒီလက်နဲ့ ကွန်ဆီလာကိုယူ မျက်လုံးအောက်နားမှာ လိမ်းခြင်းဟာ မျက်လုံးအတွက် အန္တရာယ်များအောင် လုပ်လိုက်သလိုပါပဲ။

နောက်တစ်ချက်က လက်ချောင်းကို အသုံးပြုပြီး ကွန်ဆီလာလိမ်းခြင်းဟာ ရှိသင့်တဲ့ ကွန်ဆီလာပမာဏကို ပိုယူသွားမိတတ်ပါသေးတယ်။ ဒီတော့ ဖြစ်နိုင်ရင် ကွန်ဆီလာလိမ်းတဲ့ ဘရက်ရှ်တွေကို အသုံးပြုပေးပါ။ ကွန်ဆီလာဝယ်တဲ့အခါ ဘရက်ရှ်မပါရင်လည်း အပြင်မှာမေးပြီး ၀ယ်လိုက်ပါ။ ဒီလို လုပ်ဆောင်ခြင်းဟာ သင့်မျက်လုံးအတွက်သာမက ကွန်ဆီလာပမာဏ အများကြီး ယူလိမ်းမိတာမျိုးလည်း မဖြစ်နိုင်တော့ဘူးပေါ့။ 

Ref;shefinds

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.