လင်းထိန်နေတဲ့ စားသောက်ဆိုင်တွေမှာစားရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပိုပြီးရွေးချယ်တတ်

upper-west.jpg
သုတေသီတွေရဲ့ တွေ့ရှိမှုအရ မီးထိန်ထိန်ထွန်းထားတဲ့ စားသောက်ဆိုင်တွေမှာ စားသောက်တာက လူတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပိုမိုမှာယူလေ့ရှိပါတယ်။ မီးထိန်နေအောင် ထွန်းထားတဲ့စားသောက်ဆိုင်တွေမှာ စားတဲ့သူတွေက မီးမှိန်မှိန်ထွန်းထားတဲ့ ဆိုင်တွေမှာ စားတဲ့သူတွေထက် ၁၆-၂၄%ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ဖို့ကို သတိထားတတ်ပါတယ်တဲ့။
 
အမေရိကန်နိုင်ငံ ဖလော်ရီဒါ တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိမှုအရ တောက်ပတဲ့အခန်းထဲမှာ လူတွေက ပိုပြီး တက်ကြွနေတတ်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရှေ့ရေးကို မျှော်တွေးတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်တယ်လို့ ဆိုပါတယ်။ သုတေသီတွေက စားသောက်ဆိုင်ပေါင်း ၁၆၀ ကျော်ကို ကွင်းဆင်းလေ့လာ သုတေသနပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုလေ့လာကြတဲ့အခါမှာ တောက်ပပြီးလင်းထိန်နေတဲ့ အခန်းထဲမှာ စားသောက်တဲ့ စားသုံးသူ တစ်ဝက်လောက်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဖြစ်တဲ့ ငါးကင်၊အသီးအရွက်နဲ့ အဖြူရောင်ရှိတဲ့ အသားတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဖြစ်တဲ့ ဆီကြော်တွေနဲ့ အချိုပွဲတွေကို ပိုမှာပြီး စားသောက်လေ့ရှိတယ်လို့ ဆိုပါတယ်။
 
အရောင်းမှတ်တမ်းတွေအရ အလင်းမှိန်မှိန်အခန်းမှာစားသောက်တဲ့သူတွေက ၃၉%ခန့်ပိုပြီး ကယ်လိုရီပိုများတဲ့ အစားအသောက်တွေကို မှာစားလေ့ရှိတယ်လို့ ဆိုပါတယ်။ကောလိပ်ကျောင်းသား ၇၀၀ ကျော်ပါဝင်တဲ့ ဓာတ်ခွဲခန်း လေ့လာမှု ၄ ခုပြုလုပ်တဲ့အခါမှာလည်း အလားတူရလဒ်များကိုပဲ ရရှိတာကို တွေ့ရှိရပါတယ်။
 
ဒါကြောင့် အစားအသောက် အလွန်အကျွံ စားသုံးမိတာမျိုးကို ရှောင်ကြဉ်နိုင်ဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားမိစေဖို့အတွက် အလင်းဖျော့တဲ့ နေရာတွေမှာ စားသုံးခြင်းထက် အလင်းရောင်တောက်တောက် ထွန်းထားတဲ့နေရာတွေမှာ စားသုံးတာက အကောင်းဆုံး ဖြစ်ပါတယ်။
 
Ref:timesofindia.indiatimes
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.