အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေဖို့ ဘာသာစကား တစ်ခုခုကို တတ်အောင်သင်ထားပါ

laura-austin-language-millenials.jpg
ယှဉ်ပြိုင်မှု မြင့်မားပြီး သာလွန်ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရချင်တဲ့လူတစ်ယောက်အတွက် နိုင်ငံခြားဘာသာစကားတစ်ခုခု တတ်ထားခြင်းက အကောင်းဆုံး လှေကားတစ်ခုပဲ ဖြစ်ပါတယ်။ တခြားဘာသာစကားတစ်ခုကို ကျွမ်းကျင်တတ်မြောက်ထားမယ်ဆိုရင် သူလိုငါလို လူအများကြားကနေ ထူးခြားတဲ့ အခွင့်အရေးကို ပိုင်နိုင်ရရှိစေမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် ရွေးချယ်နိုင်ခွင့်လည်း ပိုရလာမှာပါ။ လစာမြင့်မားတဲ့ ရာထူးတွေကိုလည်း ရွေးချယ်ခွင့်ရှိမှာ ဖြစ်ပါတယ်။
 
ဘယ်ဘာသာစကားကို သင်ယူသင့်သလဲ။ ကိုယ့်အနေနဲ့ ဘယ်ဘာသာကို သင်ယူရင် အဆင်ပြေမလဲ။ ကိုယ့်နိုင်ငံမှာ အလုပ်လုပ်ဖို့အတွက်လား။ နိုင်ငံခြားထွက်ပြီး လုပ်ဖို့အတွက်လား စတာတွေကို စဉ်းစားပြီး သင်ရမယ့် ဘာသာစကားကို ရွေးချယ်သင့်ပါတယ်။
 
ဥပမာ- အမေရိကန်နိုင်ငံမှာ ပြင်သစ်စကားပြောနိုင်တဲ့သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါများသလို လစာလည်းကောင်းပါတယ်။ အီတလီ၊ပေါ်တူဂီနဲ့ အာရှနိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ အာရှတိုက်မှာဆိုရင် တရုတ်စီးပွားရေးလုပ်ငန်းတွေများတဲ့အတွက် တရုတ်စကားပြောတတ်တဲ့သူတွေအတွက် အခွင့်အရေးပါပဲ။ ဝေါစထရိဂျာနယ်ရဲ့ လေ့လာချက်အရ နောက်ဆယ်စုနှစ်အတွင်း အလုပ်ရှင်ပေါင်း ၄၂%လောက်က တရုတ်စကားပြောတတ်သူတွေကို အလုပ်ခန့်အပ်နိုင်သလို အလုပ်ရှင် ၇၀%က အနာဂတ်မှာ စပိန်စကားပြောတတ်သူတွေကို ခန့်ထားလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
 
လေ့လာတွေ့ရှိမှုတွေအရ နိုင်ငံခြား ဘာသာစကားတစ်ခု ကျွမ်းကျင်ရင် ဝင်ငွေတိုးတက်စေလို့ သိရပါတယ်။ ဘာသာစကားတစ်ခုခု တတ်ကျွမ်းတာက လုပ်ငန်းနယ်ပယ်မျိုးစုံအတွက် အသုံးဝင်နိုင်ပါတယ်။ ဘယ်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသည်ဖြစ်စေ နိုင်ငံခြား ဘာသာစကားတစ်ခု တတ်ကျွမ်းတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ စစ်ရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ ဂိမ်းကုမ္ပဏီအဆုံး နယ်ပယ်အားလုံးအတွက်ပါ အကျုံးဝင်ပါတယ်။ 
 
အင်္ဂလိပ်ဘာသာစကားက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာရော၊ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာရော တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဘာသာစကားဖြစ်ပြီး တခြားဘာသာစကားတိုင်းလိုလိုနဲ့ ဆက်သွယ်နိုင်တဲ့ အားလုံးလက်ခံထားတဲ့ တဆင့်ခံဘာသာစကားတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံအားဖြင့် ကိုယ့်မှာရှိတဲ့ ပညာရပ်တစ်ခုအပြင် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုရင် လစာကောင်းတဲ့အလုပ်တွေကို ရနိုင်မှာ ဖြစ်ပါတယ်။
 
ဒါကြောင့် တိုးတက်လိုတဲ့ လူငယ်တိုင်း နိုင်ငံခြားဘာသာစကားတစ်ခုခုကို သင်ထားပြီး လက်ရှိလုပ်နေတဲ့ လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်၊ ပိုကောင်းတဲ့ လုပ်ငန်းတစ်ခုခုအတွက်ပဲဖြစ်ဖြစ်၊ ကျယ်ပြန့်တဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေလေ့လာဖို့ပဲ ဖြစ်ဖြစ် သင်ယူထားဖို့ တိုက်တွန်းလိုက်ပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.