ထောပတ်သီးစိမ်းကို ခဏတွင်း ရင့်မှည့်အောင်လုပ်နည်း

e881b6b7-3172-492e-a91b-ca74daa8d824.jpg
ထောပတ်သီးစားချင်စိတ်ဖြစ်လာလို့ စတိုးဆိုင်သွားတဲ့အခါ လုံးလုံးမမှည့်သေးတဲ့ ထောပတ်သီးတွေ တစ်ပုံတစ်ခေါင်း တွေ့ပါလိမ့်မယ်။ အဲဒီအသီးတွေ မှည့်လာဖို့ အောင့်အီးပြီး စောင့်နေစရာ မလိုပါဘူး။  ထောပတ်သီးတွေကို မိနစ်ပိုင်းအတွင်း မလိုင်ကဲ့သို့ မွတ်ညက်ပြီး ပျော့အိစေမယ့် သေချာတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ 
 
ဒီ့အတွက် လိုအပ်သည့်ပစ္စည်းတွေကတော့  ထောပတ်သီး ၊ မုန့်ဖုတ်ဗန်း နဲ့ ခဲပတ် တို့ပဲ ဖြစ်ပါတယ်။ 
 
လုပ်ပုံလုပ်နည်း 
၁။ ပထမဆုံး ခဲပတ်လေးနဲ့ အသီးတစ်ခုလုံးကို ထုပ်ပိုးပေးပါ။
၂။ မုန့်ဖုတ်ဗန်းပေါ် ထားလိုက်ပါ။
၃။ မိုက်ခရိုဝေ့မီးဖိုကို ၂၀၀ ဒီဂရီဖာရင်ဟိုက်မှာ ထား ဒါမှမဟုတ် ထောပတ်သီး ပျော့ပျော့လေး မဖြစ်မချင်းထားပါ။ ဘယ်လောက်မာလဲဆိုတာပေါ်မူတည်ပြီး ပျော့အိလာဖို့ အနည်းဆုံး ၁ နာရီကြာနိုင်ပါတယ်။ 
၎။ မိုင်ခရိုဝေ့မီးဖိုထဲကနေ ပြန်ထုတ်ပါ။ 
၅။ ပျော့အိပြီး ရင့်မှည့်နေတဲ့ ထောပတ်သီးကို ရေခဲသေတ္တာထဲ မအေးမချင်းထားပါ။ 
 
အလုပ်လုပ်ပုံ 
ထောပတ်သီးက ဖြေးဖြေးချင်းထွက်ပြီး အသီးကို ရင့်မှည့်စေတဲ့ ethylene gas ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ထောပတ်သီးကို ခဲပတ်လွှာထဲထည့် မီးကင်ထားတာကြောင့် gas တွေက ဝန်းရံထားပါတယ်။ ဒါ့ကြောင့် ရင့်မှည့်ခြင်းဖြစ်စဉ်ကို အရှိန်အဟုန်ဖြင့် တွန်းပို့ပေးပါတယ်။ 
 
Ref:1mhealthtips
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.