ဖုန်းက လူ့တီထွင်ဖန်တီးနိုင်စွမ်း ပျောက်ဆုံးစေ

ad_2087245521.jpg

ဖုန်းအလွန်အကျွံသုံးစွဲခြင်းက တီထွင်ကြံဆနိုင်မှုစွမ်းရည်ကို ထိုးကျစေနိုင်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး အဲ့ဒီစက်ကိရိယာတွေမှာ ကျန်းမာရေးသတိပေးချက် ဖော်ပြထားသင့်တယ်လို့ Bournemouth University သုတေသီများက ဆိုပါတယ်။

Bournemouth University က ကျွမ်းကျင်ပညာရှင်တွေရဲ့ သုတေသနပြုချက်က အသက် ၁၃ကနေ ၁၇ အရွယ် ဆယ်ကျော်သက် ၂၄% ဟာ စမတ်ဖုန်းစက်ပစ္စည်းကိရိယာများနဲ့ အချိန်တိုင်းနီးပါး အွန်လိုင်းပေါ်ရှိနေကြပါတယ်။ နည်းပညာကုမ္ပဏီများအနေနဲ့ ဒီစိတ်စွဲလန်းသည့် အပြုအမူအန္တရာယ် လျော့နည်းစေဖို့ သတိပေးချက်တွေ အသုံးပြုသင့်ကြောင်း သုတေသီတွေက ဖော်ပြထားပါတယ။

နည်းပညာကို အလွန်အကျွံ ရူးသွပ်စွာအသုံးပြုခြင်းနဲ့ စိတ်စွဲလမ်းခြင်းတွေဟာ တီထွင်ကြံဆနိုင်စွမ်း ကျဆင်းခြင်း၊ စိတ်ကျရောဂါ၊ လက်တွေ့ဘဝနဲ့ ကင်းကွာခြင်းစတဲ့ မလိုလားအပ်တဲ့ လူ့အမူအကျင့်တွေနဲ့ ဆက်စပ်နေတယ်လို့ လည်း Bournemouth University မှ Dr Raian Ali က ပြောဆိုခဲ့ပါတယ်။ 

Ref: Metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.