အခုချက်ချင်း စွန့်လွှတ်သင့်တဲ့ မိတ်ဆွေအပေါင်းအသင်း (၅) မျိုး

friendship0314.jpg

ခင်မင်ရင်းနှီးမှု တည်ဆောက်တာ ဘဝရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘဝ ပိုမိုကျန်းမာပျော်ရွှင်စေမယ့် ခိုင်မာတဲ့ ခင်မင်ရင်းနှီးမှုတွေ ကျွန်ုပ်တို့အားလုံး ပုံဖော် ထုဆစ်ကြရပါတယ်။ ဒါပေမယ့် တချို့ခင်မင်မှုတွေဟာ အကူအညီထက် အန္တရာယ်ပိုဖြစ်စေတတ်ပါတယ်။

သူငယ်ချင်းမဆုံးရှုံးဖူးသ၍ မရင့်ကျက်သေးဘူးလို့ ဆိုကြပါတယ်။ အသက် ပိုကြီးပြီး အမြော်အမြင်ပိုရှိလာတဲ့အခါ သင်ဟာ ပြောင်းလဲပြီး တခါတလေမှာ နှစ်နဲ့ချီတွဲလာခဲ့တဲ့ လူတချို့ဟာ ကိုယ်နဲ့ သဟဇာတမဖြစ်တော့ဘူးဆိုတာ သိလာတယ်။ သူငယ်ချင်းအစစ်အမှန်နဲ့ အနုပ်စုတ်ကုပ်စုတ်ကိုလည်း ခွဲခြားနိုင်ပါတယ်။

သူတို့ခင်မင်မှုတွေက သင့်ကို အကျိုးမပြုတော့ဘူး။ ဒါမှမဟုတ် ပျော်ရွှင်မှု မဖြစ်စေတော့တဲ့အခါမှာ တချို့လူတွေကို သင့်ဘဝမှ စတင်ဖယ်ရှားဖို့ အင်မတန်အရေးကြီးပါတယ်။

၁။ အဆိုးမြင်ဝါဒီ

ဘယ်တော့မှ အကောင်းမပြော၊ သင့်ဝတ်စားသမျှ ဘယ်တော့မှ အကောင်းမပြောဘဲ သင့်ချစ်သူရည်စားကိုလည်း မကြိုက်နှစ်သက်ဘူး။ သင့်အားနည်းချက်တွေ အမြဲတမ်းထောက်ပြမယ်။ ဘယ်တော့မှ အလျှော့ပေးတယ်ဆိုတာ မရှိဘူး။ သူဟာ သင့်အောင်မြင်မှုကို အသိမှတ်လည်းမပြု၊ တစ်ခုခု အဆင်ပြေဖြစ်သွားတဲ့အချိန်မှာ ချီးကျူးဂုဏ်ပြုတာတွေ မရှိသူဖြစ်ပါတယ်။ ဒီလူဟာ သင့်မိတ်ဆွေ မဟုတ်ပါဘူး။ သူဟာ အဆီပိုလို လှီးထုတ်ဖို့သာ လိုအပ်ပါတယ်။ သူ့လို အဆိုးမြင်ဝါဒီမျိုး သင့်ဘဝမှာ မလိုအပ်ပါဘူး။

၂။ ဂုတ်သွေးစုပ်သမား

သူဟာ တချိန်လုံးဘိုင်ပြတ်လို့ အစားအသောက်အတွက် ငွေရှင်းပို့ သင့်ကိုပဲ မျှော်လင့်တတ်ပါလိမ့်မယ်။ အရှက်မရှိ လတ်လျားလတ်လျားနေပြီး တောင်းပန်စကားလည်း ပြောဆိုလေ့မရှိပါဘူး။ သင့်ဆီ ပိုက်ဆံအမြဲ ချေးငှားတတ်ပြီး ဘယ်တော့မှလည်း ပြန်မဆပ်ပါ။ ဘယ်လောက်ကြာအောင်တွဲခဲ့တွဲခဲ့ မရေးမကြီးဘူး။ အကျင့်ဆုံးတစ်ခုလို စွန့်လွှတ်ဖို့သာ လိုအပ်ပါတယ်။

၃။ အမြဲတမ်းအပျော်ကျူးသူ

သင့်တို့ခင်မင်မှုက အပြင်ထွက်မူးရစ်သောက်စားခြင်းတွေနဲ့ ဖြစ်ပေါ်လာပါလိမ့်မယ်။ ပါတီနဲ့ သောက်စားတာကလွဲရင် သူနဲ့တခြားကိစ္စတွေ အတူတွဲလုပ်ဖြစ်ကြမှာ မဟုတ်ပါဘူး။ သူ သင့်ကို မခံချိမခံသာဖြစ်အောင်ပြောပြီး လှောင်ပြောင်သရော်ပါလိမ့်မယ်။

၎။ ပေါကြောင်ကြောင်သမား

ဒီလိုလူမျိုးက အစီအစဉ်တွေ အမြဲဆွဲနေတတ်ပြီး အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ အချိန်ကျရောက်ခါနီးမှာပဲ ဖျက်သိမ်းတတ်ပါတယ်။ တစ်ခုခုဆောင်ရွက်စရာရှိတဲ့အချိန် အားကိုးရတယ် မရှိပါဘူး။

၅။ အတ္တပေမဝါဒီ

သူ့အကြောင်း၊ သူ့ကိစ္စပဲ စိတ်ဝင်စားပြီး ပြောဆိုချင်တယ်။ သင့်အကြောင်း စကားစမြည်ပြောဆိုဖို့ ကြိုးစားလိုက်တိုင်း ခေါင်းစဉ်ကို ချက်ချင်းပြောင်းပစ်ပါလိမ့်မယ်။ သူ သင့်အသည်းကွဲ ဇာတ်လမ်းတွေ ကြားချင်တာမဟုတ်။ သူကလွဲရင် ဘယ်သူ့အကြောင်းမှ ဂရုမစိုက်သူဖြစ်ပါတယ်။ 

Ref: Standardmedia 

233 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.