ငါးစားပြီး အရေပြားကင်ဆာနှင့် ခံတွင်းကင်ဆာရောဂါကို ကာကွယ်ကြပါစို့

ညနေစာ ထမင်းပန်းကန်ထဲမှာ ငါးထည့်စားဖို့အတွက် တခြားအကြောင်းပြချက်တွေ လိုနေသေးလား။ ဆော်လမွန်ငါးနှင့် ငါးသလောက်စတဲ့ အဆီပါတဲ့ငါးတွေမှာ အရေပြားကင်ဆာနှင့် ခံတွင်းကင်ဆာအပြင် အကျိတ်အခဲတွေနှင့် ကင်ဆာတစ်ရှူးကြီးပွားမှုကို တိုက်ခိုက်ပေးတဲ့ omega-3 အဆီဓါတ်အက်ဆစ် ပါဝင်နေတယ်လို့ သုတေသနသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။
 
ငါးမှာပါရှိတဲ့ Omega-3 အဆီဓါတ်အက်ဆစ်ဟာ အရေပြားကင်ဆာနှင့် ခံတွင်းကင်ဆာကို ထိရောက်စွာကာကွယ်
 
ဓါတ်ခွဲစမ်းသပ်ချက်တစ်ခုအရ omega-3 ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်များကို သေကြေစေတယ်လို့ လန်ဒန်တက္ကသိုလ် Queen Mary မှ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။  ကင်ဆာရောဂါဆိုင်ရာ အွန်လိုင်းဂျာနယ်မှာ ထုတ်ဝေထားတဲ့ လေ့လာမှုတစ်ခုက Omega-3 ဟာ အရေပြားနှင့် ခံတွင်းကင်ဆာရောဂါ ကာကွယ်ခြင်းနှင့် ကုသရေးမှာ အသုံးပြုရတာ အရမ်းအကျိုးပြုတယ်လို့ ဆိုထားပါတယ်။ အဆီဓါတ်အက်ဆစ် omega-3 ဟာ လူ့ခန္ဓာမှ အမြောက်အများ မထုတ်လုပ်နိုင်ပါ။ အဲဒီအဆီကို အစားအစာဖြည့်စွက်မှုများမှသာ ရရှိနိုင်ပါတယ်။
 
Queen Mary မှာ စမ်းသပ်ခဲ့တဲ့ ဒေါက်တာ Zacharoula Nikolakopoulou က ဒီလိုကင်ဆာရောဂါဖြစ်နိုယ်ဖွယ်ရှိသော သူတို့ကို omega-3 အဆီဓါတ်အက်ဆစ်မှ တားဆီးကာကွယ်ပေးပါတယ်လို့ ပြောဆိုထားပါတယ်။  ဒီလေ့လာမှုမှာ squamous cell carcinoma လို့ခေါ်တဲ့ အရေးပြား အနာဖီးတက်ကင်ဆာရောဂါကို လေ့လာခဲ့ပါတယ်။ Squamous cells ဟာ အရေးပြား၊ ခံတွင်း၊ အစာလမ်းကြောင်း၊ အဆုတ်နှင့် ကိုယ်ခန္ဓာအခြားဒအစိတ်အပိုင်းတွေမျာ ဖြစ်ပေါ်တတ်ပါတယ်။ Squamous cell carcinoma ဟာ ကမ္ဘာပေါ်မှာ ဆဌမအများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး ကုသရခက်ခဲတဲ့ ရောဂါတစ်မျိုးပါတယ်။ စမ်းသပ်လေ့လာမှုမှာ သိပ္ပံပညာရှင်များက ဓါတ်ခွဲခန်းမှာ ဆဲလ်များရဲ့ဖွံ့ဖြိုးမှုများကို လေ့လာစမ်းသပ်ခဲ့ပြီး အဆီဓါတ်အက်ဆစ်နဲ့ စမ်းသပ်ကုသခဲ့ပါတယ်။ ဒါအပြင် ခံတွင်းနှင့်အရေပြားကင်ဆာဆဲလ်မျိုးအစားများ၊ ကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်များနှင့် ပုံမှန်အရေပြားနှင့် ခံတွင်းဆဲလ်များကိုလည်း လေ့လာခဲ့ပါတယ်။ 
 
omega-3 ဟာ အန္တရာယ်ပေးနိုင်တဲ့ဆဲလ်များရဲ့ ကြီးထွားများပြားမှုကို တားဆီးပေးပြီး ပုံမှန်ဆဲလ်များကို မထိခိုက်အောင် ကာကွယ်ပေး တယ်လို့ Queen Mary တက္ကသိုလ် ခံတွင်းကင်ဆာသုတေသနအဖွဲ့ခေါင်းဆောင် Kenneth Parkinson ကပြောဆိုပါတယ်။ Omega-3 အဆီဓါတ်အက်ဆစ်ကို ငါးစားလို့လည်း ရရှိနိုင်ပါတယ်။ ငါးကြီးအဆီ၊ ဖြည့်စွက်အစားအစာများကလည်း ရရှိနိုင်ပါတယ်။ omega-3 ပါဝင်တဲ့ အစားအစာများကို စားလို့ သင့်ခန္ဓာအတွက် ကောင်းကျိုးများကို ရယူလိုက်ပါ။ 
Ref:articlesofhealthcare.
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.