ဒီမေးခွန်း (၉)ခုအတွက် အဖြေက Yes ဆိုရင် သင်တို့နှစ်ဦးဟာ တကယ်လိုက်ဖက်ပြီး ရေရှည်မှာ ပျော်ရွှင်ရမယ့် စုံတွဲသာဖြစ်

cute_couple_0.jpg

တိုတောင်းလှတဲ့ ဒီဘ၀ခရီးလမ်းကို အတူဖြတ်သန်းဖို့ ဆိုရင် သင့်ဘေးနားက ချစ်သူဟာ သင်နဲ့အတူ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ကျန်းမာတာ၊ နာဖျားခြင်း စတာတွေကို သင်နဲ့အတူ ခံစားပေးနိင်မယ့် တကယ့်ဖူးစာရှင်အစစ်ဖြစ်ဖို့ လိုပါတယ်။ သင်ဟာ နေ့တိုင်းနီးပါး စိတ်ပျက် စိတ်ညစ်စရာ အချစ်ရေးမျိုး ကြုံနေရတယ်ဆိုရင် သင့်ချစ်သူဟာ သင်နဲ့မလိုက်ဖက်တဲ့သူ၊ သင့်အတွက် မှန်ကန်တဲ့သူ မဟုတ်သေးလို့ပါပဲ။ တကယ့် ချစ်ရတဲ့သူ၊ ချစ်သူအစစ်အမှန်နဲ့အတူ ရှိနေသူတွေဟာ ဘယ်လောက်ခါးသီးတဲ့ လောကဓံ မုန်းတိုင်းတွေကိုမဆို အတူဖြတ်သန်းကျော်လွှားနိုင်ကြပါတယ်။ ကဲ ဒီတော့ သင်ဘေးနားက ချစ်သူဟာ တကယ့်အစစ်အမှန် ဟုတ်မဟုတ်  ဒီမေးခွန်း (၉)ခုနဲ့ အဖြေထုတ်ကြည့်ရအောင်။

၁။ သင်တို့နှစ်ဦးတစ်ဦးနဲ့ တစ်ဦး ယုံကြည်ပါသလား။

ယုံကြည်မှုဆိုတာ အချစ်ရေးမှာ အရေးပါတဲ့ အရာတစ်ခုပါ။ သင့်ဘေးနားက ချစ်သူက တကယ်ကိုမှန်ကန်တဲ့ ချစ်သူလားဆိုတာကိုလည်း ဒီအချက်က အဆုံးအဖြတ်ပေးနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မယုံရဘူးဆိုရင် ခုကတည်းက လက်ပြနှုတ်ဆက်လိုက်တာ ပိုကောင်းပါတယ်။ ရည်းစားဖြစ်ခါစက ယုံကြည်မှုကို အလွယ်တကူ မရတတ်ပေမယ့် သူ့အကြောင်း ကိုယ့်အကြောင်းသိလာရင် ယုံကြည်တတ်လာရပါမယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် အရိုးသားဆုံး ဆက်ဆံပြီး လေးစားမှုလည်း ရှိရပါမယ်။ မဟုတ်ပဲ သူအပြင်သွားတိုင်း စိတ်ပူနေရတယ်။ သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ဘယ်မှာလည်း လိုက်မေးနေရတယ်ဆိုရင်တော့ ဒါဟာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမရှိဘူး ဆိုတာကို ပြလိုက်တာပါ။

၂။ လူနေမှုပုံစံကြောင့် စိတ်ပျက်စိတ်ညစ်ရတာမျိုးတွေ ရှိလား။

တစ်ယောက်နဲ့တစ်ယောက် နေထိုင်ပုံချင်း မတူရုံမကဘူး။ တစ်ယောက်ရဲ့ ပုံစံကို တစ်ယောက်က နားလည်ပေးတာမျိုးလည်း မရှိဘူး။ ဥပမာ အားလပ်ရက်မှာ သင်က တစ်နေရာသွားပြီး အပန်းဖြေချင်ပေမယ့် သင့်ချစ်သူကတော့ အိမ်မှာပဲ အခွေထိုင်ကြည့်ချင်တာမျိုး ညှိမရဘူး။ နောက် သူက သတ်သတ်လွတ်စားလို့ ကိုယ်က အသားစားလို့ ဆိုင်တစ်ဆိုင်သွားတော့မယ်ဆို ညှိလို့မရဘူး စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင် ကြုံနေရပြီဆိုရင်လည်း ဒီအချက်က ထည့်စဉ်းစားစရာပါပဲ။

၃။ တစ်ယောက်ဆီက တစ်ယောက် လေ့လာသင်ယူတာမျိုးတွေ ရှိသလား။

ချစ်သူနှစ်ဦး အတူသွားမယ့် ခရီးလမ်းမှာ စိတ်လှုပ်ရှားစရာတွေ၊ စိတ်ပျော်ရွှင်စရာတွေ ရှိမှသာ၊ တစ်ဦးနဲ့တစ်ဦး ဖလှယ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ တစ်ယောက်ဆီက တစ်ယောက်က သင်ယူသွားမယ်၊ အသစ်တွေကို လေ့လာသွားမယ်ဆို သင်တို့နှစ်ဦးကြား ပျင်းရိငြီးငွေ့တာမျိုး ဘယ်တော့မှ မဖြစ်တော့ပါဘူး။

၎။ ငွေကြေးနဲ့ ပတ်သက်ပြီး တူညီတဲ့ ၀င်ငွေမျိုး ရှိသလား၊ မရှိရင်တောင် ညှိုနှိုင်းပြောဆိုထားတာမျိုး ရှိသလား။

ရေရှည်သွားမယ့် စုံတွဲမှာ တစ်ဦးက စုဆောင်းတာကို ၀ါသနာပါပြီး ကျန်တဲ့တစ်ယောက်က သုံးဖြုန်းရတာ ကြိုက်တယ်ဆိုရင် ဒါဟာ ပြသနာအကြီးကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် နှစ်ဦးသားအတူနေတဲ့အခါ ဘယ်လိုဆိုတာမျိုး ပြောဆိုညှိုနှိုင်းဖို့ လိုပါလိမ့်မယ်။ 

၅။နှစ်ဦးသားအတူ ရယ်မော်ပျော်ရွှင်ဖူးသလား။

နှစ်ဦးသားအတူရှိချိန်မှာ ရယ်မောပျော်ရွှင်ရတဲ့အချိန်တွေ များလား။ သင်ချစ်သူဟာ သင့်အတွက် တကယ့်ကို မှန်ကန်တဲ့ချစ်သူတစ်ယောက်ဆိုရင်တော့ သူဟာ သင်ပျော်နေတဲ့ အပျော်တွေကို ပျက်အောင် လုပ်မှာ မဟုတ်သလို သင်ပြောတဲ့ ဟာသတွေကို သဘောတကျ ရယ်မောတတ်ပါလိမ့်မယ်။

၆။ သင်တို့အလိုရှိတဲ့အရာတွေ တူညီနေကြပါသလား။

သင်တို့နှစ်ဦးရဲ့ ပန်းတိုင်က ဘာများဖြစ်ကြပါသလဲ။ အနာဂတ်အတွက် ရည်မှန်းချက်တွေကရော သင်တို့နှစ်ဦး အတွက် အဓိပ္ပါယ်ပြည့်ဝနေပါသလား။ နှစ်ဦးသား ဘယ်လိုအရာလေးတွေ အတူဖန်တီးကြမယ်၊ ကြိုးစားကြမယ်ဆိုပြီး တိုင်ပင်ပြောဆိုဖူးသလားဆိုတာ စဉ်းစားကြည့်ပါ။

၇။ သင်တို့ရဲ့ အချစ်ရေးမှာ အခက်အခဲတွေ ပြည့်နေတတ်သလား။

ဇာတ်လမ်းတွေထဲမှာ အချစ်စစ်မှန်ရင် အခက်အခဲတွေ ရှိနေတတ်တယ်လို့ အမြဲပြောတတ်ကြပါတယ်။ တကယ်တော့ အဲ့ဒါမှားပါတယ်။ သင်တို့နှစ်ဦး စတွေ့တဲ့အချိန်ကလည်းက အမြဲတမ်း အခက်အခဲတွေနဲ့ချည်း၊ ဒါ့အပြင် ကိုယ့်ချစ်သူ ကိုယ့်ကိုပြန်ချစ်လာဖို့ ကြိုးစားတော့လည်း အခက်အခဲတွေနဲ့ပဲဆိုရင် ဒီအချစ်ရေးဟာ ဖြောင့်ဖြူးဖို့ နည်းပါတယ်။ ဒါ့အပြင် ကိုယ့်ဘေးနားက ချစ်သူသာ ဖူးစာရှင်၊ အစစ်အမှန်ဆိုရင် သင့်ကို အခက်အခဲတွေနဲ့ ခေါင်းခြောက်အောင် ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူးဆိုတာ တွေးထားပါ။

၈။ သူ့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဆင်ပြေပါသလား။ 

သင့်ချစ်သူဟာ သင့်အမေနဲ့ အဆင်မပြေဘူးဆိုရင်၊ ဒါမှမဟုတ် သင့်အခင်ဆုံး သူငယ်ချင်းနဲ့ မျက်နှာချင်းဆိုင်လို့တောင် မရဘူးဆိုရင် ဒါဟာ ပြသနာရှိတဲ့ ဆက်ဆံရေးတစ်ခု အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။

၉။ သင့်ချစ်သူကို အရှိအရှိအတိုင်း ချစ်နိုင်ပါသလား။

လူတွေဟာ မပြောင်းလဲတတ်ဘူးဆိုရင်တောင် တစ်ခါတစ်လေ အကြောင်းတရား အမျိုးမျိုးကြောင်း ပြောင်းလဲဆုံးဖြတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ သင်ဟာ သင့်ချစ်သူကို ချစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဒီ့ထက် ပိုစမတ်ကျစေချင်တာ၊ စကားပြောနည်းစေချင်တာ၊ ကြင်နာစေချင်တာ၊ ပိုသေရပ်စေချင်တာ စသဖြင့် ဖြစ်စေချင်တာမျိုးတွေ ကြီးထွားလာတတ်ပါတယ်။ ဒီလိုစိတ်များလာရင် သူမကိုပြောပြီး ပြောင်းခိုင်းတာမျိုးတွေ ရှိလာတဲ့အခါ ဆက်ဆံရေး ပြေလည်ဖို့ သိပ်မလွယ်တော့ပါဘူး။ တကယ်တော့ သင်ဟာ သင့်ချစ်သူကို အရှိအရှိအတိုင်း လက်ခံချစ်မှသာ ဒီအချစ်ဟာ မြဲပါလိမ့်မယ်။ တစ်ဖက်လူက သင့်သဘောထားကို သင်မပြောပဲ သဘောပေါက်တဲ့အခါ၊ တစ်ဖက်လူက သင့်ကိုချစ်တဲ့စိတ်နဲ့ ပြောင်းလဲသွားနိုင်ပါတယ်။ 

Ref:yourtango

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.