အိမ်တွင်းအောင်းလွန်းပါက အသက်ရှူပြသနာဖြစ်နိုင်ခြေများ

indoor-pollution_759_-thinkstock.jpg

ရုံးခန်း၊ အိမ်စတဲ့ အိမ်တွင်းအမိုးအောက်မှာ အနေများသူ ၃၄% လောက်ဟာ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် အသက်ရှူမှုပိုင်းဆိုင်ရာ ရောဂါတွေ မျိုးစုံ ရှိကြပါတယ်။

အမျိုးသမီးများနဲ့ ကလေးငယ်တွေဟာ ခုခံနိုင်စွမ်း အနည်းဆုံးဖြစ်ပါတယ်။ ညံ့ပျင်းတဲ့ အိမ်တွင်းလေထုအရည်အသွေးက အမျိုးသမီးများကြား Chronic Obstructive Pulmonary Disease (COPD) ဖြစ်စေနိုင်ပြီး ကလေးတွေကြား ပန်းနာရောဂါ လက္ခဏာ ပိုမိုဆိုးရွားစေနိုင်ပါတယ်။ နောက် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အိမ်တွင်းလေထုဟာ ကလေးတွေမှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများစေကြောင်း လေ့လာမှုမှာ တွေ့ရပါတယ်။

အိမ်တွင်းလေထုရှူရှိုက်တဲ့အချိန် ထည့်သွင်းစဉ်းစားပြီး အိမ်တွင်းလေထုအရည်အသွေးစစ်ဆေးမှု ထိန်းသိမ်းလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ယင်းစစ်တမ်းကောက်ယူမှုမှာ ပျှမ်းမျှအသက် ၃၉ အရွယ်ရှိ ရုံးဝန်ထမ်းနဲ့ အိမ်မှာ နေထိုင်သူ ၁,၅၀၀ အပေါ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အိမ်တွင်းလေထု အရည်အသွေးဟာ အပြင်လေထုညစ်ညမ်းမှုထက် ပိုအန္တရာယ်ရှိတယ် သို့မဟုတ် ထပ်တူလောက်ကျတယ်လို့ သိရပါတယ်။ 

Ref: IE 

74 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.