အိုမင်းရင့်ရော်မှုကို တားဆီးပေးမည့် မျက်နှာလေ့ကျင့်ခန်း ၅ မျိုး

5-incredible-anti-aging-facial-exercises-2.jpg
လူအများစုက မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ ပါးရေတွန့်နေတာတွေကို တားဆီးနိုင်ဖို့အတွက် ဈေးကြီးတဲ့ ကုထုံးတွေ၊ Botox တွေ၊ ခွဲစိတ်ပြုပြင်တဲ့နည်းတွေကို သုံးကြပါတယ်။ ကျွန်မအခုတင်ပြမယ့်နည်းကတော့ ဈေးးများပြီး အန္တရာယ်ရှိတဲ့ နည်းတွေကို သုံးစရာမလိုဘဲ မျက်နှာလေ့ကျင့်ခန်းပုံမှန် ပြုလုပ်ရုံနဲ့ အရွယ်တင်နုပျိုစေမှာ ဖြစ်ပါတယ်။
 
သင့်အနေနဲ့ ထူးခြားတဲ့အကျိုးရချင်တယ်ဆိုရင် မိနစ် ၂၀ လောက် တစ်ပတ်ကို ၆ ရက် လေ့ကျင့်ဖို့ပဲလိုပါတယ်။ ဒီမျက်နှာလေ့ကျင့်ခန်းတွေက သင့်ရဲ့ လျော့ရဲကျနေတဲ့ အရေပြားနဲ့ ကြွက်သားများကို ပြန်ပြီး တင်းရင်းစေပါတယ်။ သွေးလှည့်ပတ်မှုအားကောင်းစေတာကြောင့် တောက်ပပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းပုံစံလေးတွေကတော့ –
 
၁) အံ့အားသင့်တဲ့ပုံစံ
[[{“fid”:”16790″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 အံ့အားသင့်တဲ့အခါ မျက်ခုံးတွေပင့်သွားသလို ပင့်ပါ။ပင့်နိုင်သမျှ ပင့်လို့ရတဲ့အထိ ပင့်ပါ။ ပါးစပ်ကိုလည်း အတတ်နိုင်ဆုံး အကျယ်ဆုံးဟပါ။မျက်လုံးတွေကိုလည်း အတတ်နိုင်ဆုံး ပြူးထားပါ။ ဒီလိုပုံစံမျိုး ၁၀ ကြိမ်လုပ်ပါ။
 
၂)ပါးဖောင်းတဲ့ပုံစံ
[[{“fid”:”16791″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
လေကို တဝကြီးရှူသွင်းပြီး ပါးကို အတတ်နိုင်ဆုံး ဖောင်းထားပါ။လေကို ပါးတစ်ဖက်ကနေ တစ်ဖက်ကို ပြောင်းကြည့်ပြီး လေကို အတတ်နိုင်ဆုံး ကြာကြာငုံထားပါ။၁၀ ကြိမ်လုပ်ပါ။
 
၃)သစ်ကုလားအုတ်ပုံစံ
[[{“fid”:”16793″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
ခေါင်းကို အပေါ်ကို မော့ပြီး လည်ပင်းကို ဆန့်ထားပါ။လျှာက အပေါ်အာခေါင်ကို တွန်းထားပါ။လက်ညှိုးတွေသုံးပြီး လည်ပင်းအရေပြားကို အောက်ကို ဆွဲထားပါ။၂၅ စက္ကန့်လောက်ဆွဲထားပါ။ ပြီးရင် ပြန်လွှတ်ပြီး အစကနေပြန်လုပ်ပါ။
 
၎)မျက်မှောင်ကြုတ်တဲ့ ပုံစံ
[[{“fid”:”16794″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
လက်ညှိုးနှစ်ချောင်းကို မျက်ခုံးရဲ့ အပြင်အစွန်းမှာထား၊လက်ခလယ် နှစ်ချောင်းကို အတွင်း အစွန်းမှာထားပြီး ကြုတ်ထားတဲ့ မျက်ခုံးပေါ်ကို ဖိပြီး မျက်မှောင် အကြုတ်ပြေသွားအောင်လုပ်ပေးပါ။ မျက်မှောင်ကြုတ်ထားပါ။၂ စက္ကန့်လောက်ကြာပြီးရင် လျှော့လိုက်ပါ။ ၈ ကြိမ်လောက်လုပ်ပါ။
 
၅)လူရွှင်တော်ပုံစံ
[[{“fid”:”16795″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 သင်ပြုံးနိုင်သမျှ ကျယ်ကျယ်ပြုံးထားပါ။နှာခေါင်းကို တွန့်ပါ။နှုတ်ခမ်းကို တွန့်ပါ။ပြီးရင် ပါးစပ်ပိတ်ထားလျက်နဲ့ မေးစေ့ကို လက်ချောင်းတွေသုံးပြီး အောက်ကိုဆွဲပါ။ပုံစံတစ်မျိုးစီကို ၅ စက္ကန့်စီလုပ်ပါ။ အားလုံးကို ၁၀ကြိမ်လောက် လုပ်ပါ။
 
Ref:womendailymagazine
78 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.