Junction Square ဒုတိယထပ်မှာ CP Five Star ဆိုင်ခွဲ ဖွင့်လှစ်လိုက်ပြီ

13388810_1755569531368624_614944779_o.jpg

Myanmar CP Livestock Co ., Ltd . မှဖွင့်လှစ်သော CP Five Star Extra Shop ဖွင့်ပွဲအခမ်းအနားကို Junction Square ဒုတိယထပ်ရှိ Food Court ၌ ( ၄.၆.၁၆ ) ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ CP မှာတာဝန်ရှိလူကြီးမင်းများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲတွင် အခမ်းအနားမှူးအဖြစ် အစီအစဉ်တင်ဆက်သူ ထရီဇာက တာဝန်ယူတင်ဆက်ပေးခဲ့ကာ ဧည့်ပရိသတ်များအားနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ထို့နောက် တာဝန်ရှိသူတစ်ဦးဖြစ်သော Mr.Karan မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး CP မှတာဝန်ရှိသူများကအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ အမှတ်တရစုစုပေါင်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

အခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်များ၊ အစားအသောက်ဖြင့် တည်ခင်းဧည့်ခံခြင်း အစီအစဉ်အပြင် အစီအစဉ်ကောင်းများစွာဖြင့် ကျင်းပခဲ့သည့် CP Five Star Extra Shop ဖွင့်ပွဲအခမ်းအနားသည် တက်ရောက်လာသူများဖြင့် အလွန်စည်ကားသိုက်မြိုက်ခဲ့ပြီး နံနက် ၁၁ နာရီတွင် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.