သေရည်သောက်စားမှု ပမာဏ တိုင်းတာပေးမယ့် ကိရိယာ

717.png

တိုးတက်လာတဲ့ နည်းပညာတွေက အံ့ဖွယ်အတိပါပဲ။ ရုတ်တရက်ပေါ်ပေါက်လာတဲ့ မေးခွန်းတိုင်း ဖြေရှင်းချက် ထုတ်ပေးတယ်။ ကမ္ဘာတစ်ဘက်ခြမ်းက တစ်ဦးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် စကားစမြည်ပြောဆိုစေနိုင်ရုံမက ခုလည်း ဒီစက်ကိရိယာလေး ဈေးကွက်အတွင်းရောက်လာပြီဆိုတာနဲ့ သင်ဘယ်လောက် သေရည်သောက်စို့ထားပြီလဲဆိုတာကိုပါ ခြေရာခံပေးနိုင်ပါလိမ့်မယ်။

Skyn လို့ခေါ်တဲ့ ဒီကိရိယာလေးက Fitbit လိုပဲ လက်မှာ ပတ်ထားလိုက်ရင် ပတ်ထားသူရဲ့ ချွေးထဲရှိ အယ်လ်ကိုဟောလ်ပမာဏကို တိုင်းတာပေးပါတယ်။ ဒီလွယ်ကူအသုံးတည့်တဲ့ ကိရိယာကို အပျင်းပြေ အသုံးပြုစရာများအဖြစ် ထည့်သွင်းစဉ်းစားနိုင်တဲ့တစ်ချိန်တည်းမှာပဲ ဆရာဝန်များ အကူအညီရစေဖို့ သို့မဟုတ် တစ်စုံတစ်ယောက် သေရည်ဘယ်လောက်သောက် ပြီးပြီလဲဆိုတဲ့ ဥပဒေပိုင်းဆိုင်ရာကဏ္ဍတွေမှာ အထောက်အကူ ဖြစ်စေရန် တီထွင်ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ယင်းလက်ပတ်နာရီအသွင်ပစ္စည်းလေး တီထွင်ဖန်တီးခဲ့တဲ့ ကုမ္ပဏီမှ သေရည်သောက်စားမှုကို အာမှုတ်လေဖြင့် တိုင်းတာတဲ့ ကိရိယာတွေလည်း ပြုလုပ်ပါတယ်။ 

Ref: Simplemost 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.