ဂျာမနီနှင့် ကစားမည့် အင်္ဂလန်လက်ရွေးစင် ပွဲထွက်လူစာရင်းကို ရွိုင်းဟော့ဒ်ဆန် ထုတ်ပြန်ကြေညာ

news_b13.jpg

ယနေ့ညတွင် ဂျာမနီအသင်းနှင့် ခြေစမ်းပွဲကစားမည့် အင်္ဂလန်လက်ရွေးစင်အသင်း၏ ပွဲထွက် (၁၁)ဦးစာရင်း ကို အင်္ဂလန်နည်းပြချုပ် ဟော့ဒ်ဆန်က ထုတ်ပြန်ကြေညာခဲ့ရာ ချီလီနှင့်ပွဲတွင် လွဲချော်ခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူး ဒန်နီရယ်စတားရစ်ခ်ျပါဝင်လာခဲ့သည်ကို တွေ့ရသည်။ စတားရစ်ခ်ျမှာ ချီ်လီကို (၂)ဂိုးပြတ်ရှုံးခဲ့သောပွဲတွင် ဒဏ်ရာ ရနေသောကြောင့် မပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ဟော့ဒ်ဆန်က ရှင်းပြလာခဲ့သည်။ “ ဒန်နီရယ်က အခုကောင်းနေပါ ပြီ။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းကတော ကုသမှုခံယူနေခဲ့တဲ့အတွက်ကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ လေ့ကျင့်ရေး ကွင်းကနေ ထွက်ခွာသွားခဲ့တယ်ဆိုတာက ရစ်ကီလမ်းဘတ်ကို အထောင်တိုက်စစ်မှူးနေရာမှာ လေ့ကျင့်ခန်းဆင်း စေဖို့အတွက် သူဖယ်ပေးခဲ့တာပါ။ တခြားဘာ ကိစ္စမှမရှိပါဘူး”ဟု ဟော့ဒ်ဆန်က ရှင်းပြခဲ့သည်။

ဂျာမနီနှင့်ကစားမည့်ပွဲအတွက် ချီလီနှင့်ပွဲတွင်လည်း ပါဝင်ကစားခွင့်ရခဲ့သော ဆောက်သမ်တန်လူငယ်ခြေ တက် အဒမ်လော်လန်နာကို ဆက်လက်ရွေးချယ်ထားပြီး တော့တင်ဟမ်၏ အန်းဒရို့စ်တောင်းဆန့်နှင့် မန်ယူကွင်းလယ် ဖန်တီးရှင် တွမ်ကလီဘာလေတို့လည်း ပါဝင်ကြမည်ဖြစ်သည်။

ဂျာမနီနှင့် ကစားမည့်အင်္ဂလန်လူစာရင်း

ဂိုး-ဂျိုးဟတ်(မန်စီးတီး)

နောက်တန်း-ဝေါ်လ်ကာ(တော့တင်ဟမ်)၊ စမောလင်း(မန်ယူ)၊ ဂျာဂျီရယ်ကာ(အဲဗာတန်)၊ အက်ရှ်လေကိုးလ်(ချဲလ်ဆီး)

ကွင်းလယ်-ကလီဘာလေ(မန်ယူ)၊ ဂျရတ်(လီဗာပူးလ်)၊ လော်လန်နာ(ဆောက်သမ်တန်)၊ တောင်းဆန့်(တော့တင်ဟမ်)

ရှေ့တန်း-၀ိန်းရူနီ(မန်ယူ)၊ စတားရစ်ခ်ျ(လီဗာပူးလ်)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.