အမျိုးသမီးများ မိမိဝတ်ဆင်မယ့် အဝတ်အစားများ ဘယ်လောက်ကြာအောင် စဉ်းစားရွေးချယ်တတ်ကြလဲဆိုတာ

looking-in-wardrobe.jpg

Mark & Spencer ရဲ့ Shwopping campaign မှ အမျိုးသမီးများ ဘာဝတ်မယ် ရွေးချယ်ဆုံးဖြတ်ရန် ဘယ်လောက်အချိန်ယူလဲဆိုတာ သိရှိရန် စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီးများ ဘာဝတ်စားဆင်ယင်မယ်ဆိုတာ စဉ်းစားဆုံးဖြတ်ရာမှာ သူတို့ဘဝတလျှောက်လုံးရဲ့ ၆လ နီးပါး အချိန်ကုန်ဆုံးစေကြပါတယ်။

ရှုပ်ပွနေတဲ့ အဝတ်အစားများနဲ့ သင့်တော်တဲ့ အဝတ်အစား ဝတ်ဆင်ခြင်းကိစ္စ စိုးရိမ်သောကတွေဟာ အမျိုးသမီးများကို အဝတ်အစားများ မွှေနှောက်လှန်လှောရင်း တစ်နေ့ ၁၇ မိနစ်နီးနီး ကုန်ဆုံးစေပါတယ်။ ဒီပမာဏဟာ တစ်နှစ် ၄ ရက် သို့မဟုတ် အသက် ၁၈ နဲ့ ၆၀ အရွယ်ကြားမှာ ၆လ နီးပါး ရှိပါတယ်။

Mark & Spencer ရဲ့ Shwopping campaign မှပြုလုပ်တဲ့ စစ်တမ်းက ဆုံးဖြတ်ချက်ချရာမှာ အဝတ်အစားတွေ စိုက်ကြည့်ရင်းဖြင့် ကုန်ဆုံးတဲ့ အချိန်ပမာဏက အမျိုးသမီး ၆၀% ကို မိမိဝတ်ချင်တာ မရှိလို့ ဝုန်းဒိုင်းကြဲဒေါထွက်ခြင်းဖြစ်တဲ့ wardrobe rage ရောဂါ ခံစားစေပါတယ်။

၁ နေ့ ၁၃ မိနစ် သို့မဟုတ် ၁နှစ် ၃ ရက် အချိန်ယူ စဉ်းစားဆုံးဖြတ်တဲ့ အမျိုးသားများကတော့ သိပ်မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ 

Ref: Mirror 

 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.