တကိုယ်ကောင်းဆန်တဲ့လူတွေရဲ့ စရိုက်များ

1200x600.jpg
တကိုယ်ကောင်းဆန်တဲ့ ကိုယ်ကျိုးကြည့်တဲ့လူတွေမှာ အံအားသင့်လောက်အောင် ကျွမ်းကျင်တဲ့ ပရိယာယ်တွေ၊ဟန်ဆောင်မှုတွေ ရှိတတ်ပါတယ်။ သူတို့လိုချင်တာရဖို့အတွက် သူများကို စတေးဖို့ ဝန်မလေးသူတွေပါ။ အကျိုးကျေးဇူး ကြီးကြီးသေးသေး သူတို့ ကိုယ်ကျိုးအတွက်ဆိုရင် ဘယ်သူ့အထင် ဘယ်သူ့အမြင်ကိုမှ ဂရုမစိုက်တတ်တာ သဘာဝလို ဖြစ်နေပါတယ်။
 
တကိုယ်ကောင်းဆန်တဲ့စိတ် ရှိတဲ့သူဟာ အတ္တသမားတွေပါပဲ။အတ္တကြီးတဲ့သူတွေက အရင်ဆုံး ငါ့အတွက်၊မရရင် ငါ့သားသမီး မိသားစု၊ငါ့ဆွေမျိုးအတွက် နောက်ဆုံးအဆင့်ပြောရရင် ခွေးနှစ်ကောင်ကိုက်ရင်တောင် ငါ့အိမ်ကခွေးနိုင်မှ ကြိုက်တဲ့သူတွေ ဖြစ်ပါတယ်။သားသမီး ဆွေမျိုးအတွက် သတ္တဝါတွေအတွက်လို့ ပြောလို့ အများအတွက်တွေးပေးတာပဲလို့ အမှတ်မမှားစေချင်ပါဘူး။ငါစွဲကြီးတဲ့သူတွေ ဖြစ်နေလို့ပါ။
 
သူတို့က ကိုယ့်တကိုယ်ကောင်းဖို့အတွက်ပဲ အမြဲဦးစားပေးတာပါ။သားသမီး ဆွေမျိုးတွေလို့ ပြောရတာကတော့ သူများဆီက ငါဆိုတဲ့ ကိုယ့်အတွက် အကျိုးမရနိုင်ရင် ရနိုင်တဲ့ ငါနဲ့ဆိုင်တဲ့သူတွေ ရရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
တကိုယ်ကောင်းသမားတွေဟာ ဘဝင်မြင့်ပြီး သူတို့ကို အမြဲအာရုံစိုက်တာ ခံချင်တဲ့သူတွေ ဖြစ်တဲ့အတွက် လိုတာထက်ပိုပြီး ကြွားဝါလေ့ရှိပါတယ်။ သူတို့မှာ အမှန်ရှိတဲ့ အရည်အချင်းထက် ပိုပြောတတ်သလို တခြားသူတွေကိုလည်း နှိမ့်ချပြောတတ်ပါတယ်။ကိုယ်မှတ်ထားသင့်တာက တကိုယ်ကောင်းဆန်တဲ့သူတစ်ယောက် ကိုယ့်ကို နှိမ့်ချပြောလိုက်တဲ့စကားကို အရေးပေးမှတ်ယူမနေဘဲ မှန်မှန်ဘဲ ဆက်နေဖို့ အရေးကြီးပါတယ်။
 
သူတို့က အခြားသူတစ်ဦးဆီကနေ နားလည်ပေးလို့ မရနိုင်လောက်အောင်အထိ မျှော်ကိုးတတ်ကြပါတယ်။ သူ့ဘေးမှာရှိတဲ့သူတွေဟာ သူ့လိုအပ်ချက်တွေကို ဖြည့်ပေးဖို့ ရှိနေတဲ့သူတွေလို့ပဲ မြင်ပါတယ်။ဒါပေမဲ့ သူတို့ဆီကတော့ အပြန်အလှန်အနေနဲ့ ဘာမှပေးဖို့ စိတ်ကူးမရှိပါဘူး။ အကူအညီအမြဲပေးနေပေမယ့်လည်း သူတို့တောင်းလို့ မပေးခဲ့တဲ့ တစ်ခုတည်းသော အကူအညီကိုပဲ မှတ်ထားတတ်ပါတယ်။ သူ့အနားကလူတွေက ဘယ်လောက်ဖြည့်ဖြည့် မပြည့်နိုင်တဲ့အိုးလို ဆန္ဒတွေ တစ်ခုပြီးတစ်ခု ဖြည့်ဆည်းပေးမှ ကျေနပ်တတ်တဲ့သူတွေပါပဲ။
 
ကိုယ်ကောင်းဆန်တဲ့လူတွေရဲ့ အကြီးဆုံး သင်္ကေတက သူများကို ထိန်းချုပ်ချင်တာပဲ ဖြစ်ပါတယ်။သူများကို အမြဲတမ်းလျှော့တွက်ပြီး သူတို့အကျိုးရှိအောင် အမြဲ အကွက်ချတွက်ချက်တဲ့သူတွေ ဖြစ်ပါတယ်။လိုချင်တာရဖို့အတွက် ဖြစ်လာမယ့် အကျိုးဆက်ကို ထည့်တွက်လေ့မရှိဘဲ အကွက်ချစီစဉ်တာ၊ လှည့်ကွက်တွေလုပ်တာက တကိုယ်ကောင်းသမားတွေရဲ့ အကျင့်ပါ။ သူတို့အထင် သူတို့အတွေးသာ အရေးကြီးပြီး သူများအတွေးအမြင်ကို ထည့်ပြီး မစဉ်းစားပေးတတ်ပါဘူး။
 
ငါစွဲ အတ္တကြီးပြီး တကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံရတာ အရမ်းကို စိတ်ပင်ပန်းစရာကောင်းပါတယ်။ ဒါပေမဲ့လည်း သူများကို နားလည်စာနာပေးတတ်သူနဲ့ ကိုယ့်ဖို့ပဲကြည့်တတ်သူဦးရေကို ယှဉ်ကြည့်ရင် လက်တွေ့မှာ ငါဆိုတဲ့သူတွေ များတာကိုပဲ တွေ့ရမှာပါ။ ဒါကြောင့် ကိုယ့်မှာ ဒီလိုသဘာဝလေးတွေ ရှိနေရင် ပြုပြင်နိုင်ဖို့ ဆန်းစစ်စေချင်ကြသလို တကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ တွေ့ရင်လည်း ကိုယ့်ကိုမထိခိုက်အောင် သတိနဲ့ ဆက်ဆံနိုင်ကြပါစေ။
Ref:higherperspectives
 
39 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.