ကိုယ်အင်္ဂါအစားထိုးကုသခြင်းအတွက် ယူသုံးနိုင်အောင် ဝက်ထဲ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း ထည့်သွင်းထားရှိမယ်

piglet.jpg

အမေရိကန်သိပ္ပံပညာရှင်များဟာ ဝက်ထဲကို လူ့သရက်ရွက် ထည့်သွင်းထိန်းသိမ်းရန် ကြိုးပမ်းနေကြပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ခုမှ ဝက်သန္ဓေသားအတွင်း လူ့ပင်မဆဲလ်တွေ ထည့်သွင်းစေနိုင်မယ့် ဝက် DNA ထဲ genetic niche တစ်ခု ဖန်တီးခဲ့ပါတယ်။ အားလုံးနီးပါး လူ့ဆဲလ်ဖြင့် ပြုလုပ်ထားတဲ့ သရက်ရွက် ထည့်သွင်းရန် သုတေသီများ မျှော်လင့်ထားပါတယ်။ 

ယင်းသုတေသနဦးဆောင်သူ မွေးဖွားခြင်းဆိုင်ရာ ဇီဝဗေဒပညာရှင် ပါမောက္ခ Pablo Ross က ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်က ဝက်သားန္ဓေသား ပုံမှန်ကြီးထွားမယ်။ ဒါပေမယ့် သရက်ရွက်ကို အားလုံးနီးပါး လူ့ဆဲလ်များဖြင့် ပြုလုပ်မှာဖြစ်ပြီး အစားထိုးကုသခြင်းအတွက် လူနာနဲ့ သဟဇာတဖြစ်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဝက်က လူ့အင်္ဂါအစိတ်အပိုင်းများ ထည့်သွင်းထားရှိုခြင်းအတွက် အကောင်းဆုံး ဇီဝဗေဒဆိုင်ရာသား/ဥပေါက်စက်ဖြစ်ပြီး သရက်ရွက်သာမက နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နဲ့ မျက်ကြည်လွှာများ ပြုလုပ်ရန် အသုံးပြုနိုင်ပါတယ်။အစားထိုးကုသမှုတွေ လိုအပ်တဲ့ချိန် ယင်းအင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသခြင်းကို ဘေးထွက်ဆိုးကျိုးများစွာ ပေးနိုင်တဲ့ ကိုယ်ခံအားကျဆေးဝါး မလိုဘဲ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

Ref: Mirror 

12 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.