ရှပ်အကျီ ရင်ဘတ် ‘ဟ’ နေတဲ့ ပြသနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ

topphoto.jpg

ဖက်ရှင်ကျကျ ၀တ်စားချင်သူတွေအတွက်တော့ ရှပ်အကျီရင်ဘတ်နေရာ ကြယ်သီးတစ်လုံးနဲ့ တစ်လုံးကြား 'ဟ'နေတာမျိုးက တကယ့်ကိုစိတ်ပျက်စရာ ကောင်းတဲ့အရာပေါ့။ ဒီလို ဒုက္ခမျိုးကို ကျွန်ုပ်တို့ တော်တော်များများ ကြုံဖူးကြသလို ကိုယ်ဝယ်ထားတဲ့ ရှပ်အကျီလေးကိုလည်း မ၀တ်ပဲမနေနိုင် ဖြစ်နေကြရပြန်ရော၊ ကဲ ဒီလိုပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ။

ရှပ်အကျီရင်ဘတ် 'ဟ' နေတာမျိုးက ရင်ဘတ်က ကျယ်ပြန့်နေတာမျိုး။ ဒါမှမဟုတ် ရင်သားကြီးတာကြောင့်လည်း ဖြစ်နိုင်သလို အောက်ခံဝတ်ဆင်တဲ့ ဘရာကြောင့်လည်း ဒီလိုအခက်အခဲမျိုး ကြုံရနိုင်ပါတယ်။ ဒါကိုဖြေရှင်းဖို့ နည်းကတော့ ရှပ်အကျီကို မ၀တ်ခင် မီးပူအရင်တိုက်ဖို့ပါပဲ။ ဟ တတ်တဲ့နေရာကို မီးပူသေချာဖိတိုက်ပြီး ၀တ်လို့မှ အဆင်မပြေရင်တော့ နောက်ထပ်တစ်ခုတစ်နည်းက double- sided tape လို့ ခေါ်တဲ့ ဟိုဘက်ရော ဒီဘက်ကိုပါ ကပ်လို့ရတဲ့ တိပ်မျိုးလေးရှာပြီး ပြသနာကို ဖြေရှင်းကြည့်လိုက်ပါ။

အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်နော်။

Ref:shefinds

71 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.